အိန္ဒိယကို အရေးနိမ့်ခဲ့ပေမယ့် စွမ်းဆောင်ရည်ကို ကျေနပ်နေတာပါ။

၃ နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ အိမ်ရှင် အိန္ဒိယကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် မြန်မာနည်းပြမိုက်ကယ်ဖိုက်တန်ဘိုင်နာက အသင်းမှာ ကောင်းမွန်တဲ့အရာတွေ အများကြီးကို သူ မြင်တွေ့ခဲ့ရပြီး အသင်းရှုံးခဲ့ပေမယ့်လည်း ကျေနပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာအသင်းဟာ အိန္ဒိယကို ကြီးကြီးမားမားခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ 

အိန္ဒိယခံစစ်ကို မြန်မာက မကျော်ဖြတ်နိုင်ခဲ့ဘဲ တဦးချင်းအားနည်းချက်တွေလည်း အများအပြားရှိခဲ့ကာ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ မြန်မာကတော့ နောက်လာမယ့်ပွဲအဖြစ် ကာဂျစ္စတန်နဲ့ ကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲကို အနိုင်ရဖို့အတွက် ကြိုးစားသွားမယ်လို့လည်း ဘိုင်နာက ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

"ကျနော်တို့ စတင်ခဲ့တဲ့ပုံစံက နည်းနည်းကံဆိုးခဲ့တယ်လို့ ထင်တယ်၊ ဒီပွဲက သရေကျနိုင်ခဲ့တာပါ၊ အခွင့်အရေးကောင်းတွေ ရပေမယ့် အိန္ဒိယက တဂိုးသွင်းနိုင်ခဲ့ပါတယ်၊ တခါတလေမှာ သွင်းဂိုးတဂိုးတည်းက ပွဲကိုအနိုင်ရဖို့ လုံလောက်ပါတယ်၊ ကျနော်တို့ ဆိုးရွားခဲ့တာတော့မဟုတ်ပေမယ့်လည်း စွမ်းဆောင်ရည်အတွက်တော့ မပျော်ရွှင်နိုင်ခဲ့ပါဘူး"

"Recover ပြန်လုပ်ဖို့အတွက် အချိန် ၂ ရက်ရှိပါတယ်၊ ကာဂျစ္စတန်နဲ့ တွေ့ခဲ့တဲ့ နောက်ဆုံးပွဲတွေမှာ သူတို့ကအနိုင်ရထားတာပါ၊ ပိုကောင်းတဲ့ ခြေစွမ်းကို ပြသပြီး ဒီနေ့ကစားခဲ့သလိုမျိုး ကစားဖို့ မျှော်လင့်ပါတယ်၊ ဒီနေ့ပွဲပြီးချိန်မှာ မြန်မာနည်းပြအဖြစ်နဲ့ ကျနော်ပျော်ရွှင်ရပါတယ်၊ ကောင်းမွန်တဲ့အရာတွေကို မြင်တွေ့ခဲ့ရပြီး မျှော်လင့်ချက်တွေ အများကြီး ကျနော့်မှာရှိပါတယ်"

"မြင့်မားတဲ့အဆင့်ကို တဆင့်ချင်းစီ ကျနော်တို့ သွားနိုင်ပါတယ်၊ ကောင်းကွက်လေးတွေရှိခဲ့ပေမယ့် ခံစစ်ပိုင်းအမှားတွေ ရှိခဲ့တယ်၊ အခွင့်အရေးကောင်းတချို့ကိုလည်း လွဲချော်ခဲ့ပြီး တိုက်စစ်မှာ အမှားတွေရှိခဲ့တာပါ၊ ခြုံငုံပြောရမယ်ဆိုရင်တော့ ဒီပွဲအပြီးမှာ အရင်ကထက် ကျနော်ပိုပျော်ရွှင်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က