လစာငွေနှောင့်နှေးနေမယ်ဆိုရင် ဘယ်လိုလုပ်လို့ရမလဲဆိုတာကို တိုင်ပင်နေပြီဖြစ်ပါတယ်။

ကလပ်အသင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ချယ်လ်ဆီးအသင်းက ကြယ်ပွင့်ကစားသမားတွေဟာ သူတို့ရဲ့ ရှေ့နေတွေနဲ့ တိုင်ပင်မှုတွေပြုလုပ်နေပြီး အသင်းကထွက်ခွာဖို့အတွက် ကြိုးပမ်းနေပြီလို့ Telegraph Footballl က ဖော်ပြလိုက်ပါတယ်။ အသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်အပေါ် ပိတ်ဆို့ဒဏ်ခတ်လိုက်တ​ဲ့ ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပြီးမှာ ကစားသမားတွေက သူတို့စာချုပ်မှာ ဘယ်လိုရွေးချယ်စရာတွေရှိလဲဆိုတာ ရှေ့နေတွေကို မေးမြန်းခဲ့ကြပါတယ်။ 

အဆိုးရွားဆုံးအခြေအနေတွေမှာ လာမယ့်လတွေအတွင်း လစာငွေပေးချေမှုနှောင့်နှေးနေပါက ရွေးချယ်ခွင့်တွေက ဘယ်လိုရှိမလဲဆိုတာကို သူတို့က ရှာဖွေနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ကလပ်အသင်းရဲ့ ဘဏ်အကောင့်ကို ဗြိတိန်အစိုးရက ယာယီထိန်းချုပ်လိုက်ပြီဖြစ်ကာ ချယ်လ်ဆီးအတွက်တော့ ကြီးမားတဲ့ထိခိုက်မှုတွေ ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ဒီအတွက် ဘဏ္ဍာရေးပြသနာတွေပါ ရှိလာတော့မှာဖြစ်ပြီး လစဉ်အသုံးစရိတ်ဖြစ်တဲ့ ပေါင် ၂၈ သန်းကို ကာမိစေဖို့ ခေါင်းပူနေရပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကလပ်အသင်းရဲ့ မိခင်ကုမ္ပဏီအကောင့်တွေမှာလည်း ပေါင် ၁၇ သန်းသာ ရှိတယ်လို့သိရပြီး အရန်ငွေကြေးက အနည်းငယ်သာ အကူအညီပေးနိုင်လိမ့်မယ်လို့လည်း Telegraph က ဆိုပါတယ်။ 

ရှေ့နေတွေကလည်း ဒီသတင်းကို Telegraph ဆီ အတည်ပြုခဲ့ပါတယ်။ ကစားသမားတွေရဲ့ အလုပ်အကိုင်အခွင့်အရေးတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ပေးဖို့ သက်ဆိုင်ရာအေးဂျင့်တွေဆီကနေ ဆက်သွယ်လာခဲ့တယ်လို့ ရှေ့နေတွေက ပြောဆိုခဲ့ပါတယ်။ တရားဝင်သတင်းရင်းမြစ်တခုကတော့ ကစားသမားတွေက တရားမျှတပြီးရှင်းလင်းပြတ်သားတဲ့ အကြောင်းရင်းရှိမယ်ဆိုရင် လစာငွေမယူဘဲ ၂ လအထိ ဆက်ကစားပေးနိုင်တယ်လို့ဆိုခဲ့ပြီး စာချုပ်ဖျက်သိမ်းဖို့အတွက် ကိုယ်စားလှယ်ကတဆင့် ၁၅ ရက်ကြိုပြီး သတိပေးချက်ထုတ်ပြန်နိုင်တယ်လို့လည်း ဆိုပါတယ်။ 

လက်ရှိမှာဆိုရင် ချယ်လ်ဆီးနဲ့ ကာလရှည်လက်တွဲနေခဲ့တဲ့ Nike ကလည်း သူတို့ရဲ့ပေါင်းစည်းမှုကို ရုတ်သိမ်းဖို့အတွက် စီစဉ်နေပြီဖြစ်ပါတယ်။ အဓိကဂျာစီစပွန်ဆာ Three ကလည်း လမ်းခွဲဖို့ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် ချယ်လ်ဆီးအတွက်တော့ အရာရာတိုင်းက ဆိုးရွားမှုတွေနဲ့ စတင်ပြီးရင်ဆိုင်တွေ့ကြုံနေရတာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က