မက်ဆီဟာ လိဂ်ဖလား ဗိုလ်လုပွဲအဖြစ် အင်တာမိုင်ယာမီနဲ့ နက်ရှ်ဗေးလ်တို့ရဲ့ပွဲမှာ အသင်းဖော် လူငယ်ကစားသမားအတွက် အဖိုးတန်အကြံဥာဏ်တစ်ခု ပေးသွားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကာယကံရှင်ဖြစ်တဲ့ ဒေးဗစ်ရုဇ်ကိုယ်တိုင်က ပြန်လည်ဖွင့်ဟခဲ့တာပါ။
အဆိုပါပွဲမှာ အင်တာမိုင်ယာမီတို့ မက်ဆီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရတာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ပါ ခံယူခဲ့ရတာပါ။ ပင်နယ်တီမှာတော့ အင်တာမိုင်ယာမီတို့ ၁၀-၉ ဂိုးနဲ့ ပြိုင်ဘက်ကို အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။
“ဒါပေမယ့် မက်ဆီကတော့ ကျွန်တော့်ကို ကိုယ့်နေရာကိုယ်သာနေ၊ ဘောလုံးရောက်လာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း မက်ဆီပြောသလိုပဲ နေခဲ့ပြီး စိတ်ရှည်ရှည်နဲ့ ကစားခဲ့ရပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။
အင်တာမိုင်ယာမီဟာ မက်ဆီ မရောက်လာခင်အချိန်က မေဂျာလိဂ်ရဲ့ အဆိုးရွားဆုံးအသင်းလို့တောင် သတ်မှတ်ခံထားရတဲ့ အသင်းတစ်သင်းပါ။ ဒါပေမယ့် မက်ဆီ ရောက်လာချိန်မှာတော့ အသင်းက ရှုံးပွဲမရှိသေးဘဲ အခုလိုမျိုး လိဂ်ဖလားတစ်လုံးကိုပါ ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။