လာဇီယို နဲ့ အင်တာပွဲမှာ ဖြစ်ပွားခဲ့တာပါ။

အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ခဲ့ရာမှာ အင်တာတို့ ဦးဆောင်ဂိုးရရှိခဲေ့ပမယ့် ရောမမှာ လာဇီယိုက ချေပဂိုးနဲ့အနိုင်ဂိုးတွေ လိုက်သွင်းကာ အနိုင်ယူခဲ့ပါတယ်။ 


မနေ့ကကစားခဲ့တဲ့ လာဇီယိုနဲ့ အင်တာမီလန်တို့ရဲ့ စီးရီးအေပွဲစဉ်မှာတော့ လာဇီယိုက သူတို့နည်းပြဟောင်းအင်ဇာဂီကိုင်တွယ်နေတဲ့ အင်တာကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အမှတ်ပေးဖလားအတွက် အပြိုင်အဆိုင်ဖြစ်နေတဲ့ အသင်းနှစ်သင်းထိပ်တိုက်တွေ့ခဲ့ရာမှာ အင်တာတို့ ဦးဆောင်ဂိုးရရှိခဲေ့ပမယ့် ရောမမှာ လာဇီယိုက ချေပဂိုးနဲ့အနိုင်ဂိုးတွေ လိုက်သွင်းကာ အနိုင်ယူခဲ့ပါတယ်။ 



အဆိုပါပွဲစဉ်မှာတော့ လာဇီယိုကစားသမား လုဇ်ဖိလစ်ပီဟာ ပြိုင်ဘက်ကစားသမားဂျိုကွင်းကော်ရီယာရဲ့ ပခုံးပေါ်ထိတက်ခွကာ အောင်ပွဲခံခဲ့တာကြောင့် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲသိမ်းဂိုးကို ဆာဗစ်ကသွင်းယူခဲ့ပြီးနောက် ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုဇ်ဖိလစ်ပီရဲ့ အနီကတ်ပြသခံရမှုက တော်တော်လေးတော့ ရယ်ချင်စရာဖြစ်ခဲ့ရပါတယ်။ 



ဂျိုကွင်းကော်ရီယာဟာ ဒီရာသီမှာမှ လာဇီယိုကနေ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လုဇ်ဖိလစ်ပီနဲ့ အသင်းဖော်ဟောင်းတွေဖြစ်ပါတယ်။ ဖိလစ်ပီအနေနဲ့ အပျော်လွန်ပြီးတော့ ပြုလုပ်ခဲ့သလား၊ အသင်းဖော်ဟောင်းကို ခင်မင်လို့စနောက်ခဲ့သလားဆိုတာ မသေချာပေမယ့် သူ့လုပ်ရပ်အတွက်တော့ ကွင်းလယ်ဒိုင်က အနီကတ်ပြထုတ်ပယ်ခဲ့ကာ ဖိလစ်ပိလည်း အထုတ်ခံရလို့ ငိုခဲ့ရပါတယ်။ 

လာဇီယိုအသင်းဖော် ပက်ထရစ်ကလည်း "ဖိလစ်ပီက ရုတ်တရက်စိတ်ကူးပေါက်သွားတာဖြစ်ပါလိမ့်မယ်၊ သူ အထုတ်ခံရလို့ ကျွန်တော်စိတ်မကောင်းပါဘူး၊ ကျွန်တော်တို့ ၃ ယောက်ဆိုလည်း ခင်မင်တဲ့သူငယ်ချင်းတွေပါ၊ ဒါပေမယ့် အခုဟာကတော့ မှားပါတယ်၊ လုဇ်ဖိလစ်ပီအနေနဲ့ ဒီလိုမလုပ်သင့်ဘူးဆိုတာကို နားလည်ရပါမယ်၊ သူ့ဖြစ်ရပ်ကို ကျနော်ကသဘောပေါက်ပါတယ်၊ ကျွန်တော့်အပြစ်လည်းမကင်းပါဘူး၊ ကော်ရီယာနားသွားပြီး အောင်ပွဲခံဖို့ ကျွန်တော်ပြောခဲ့တာပါ"

"အခုတော့ သူ နောက်လာမယ့်ပွဲကို လွဲချော်ပါပြီ၊ သူတို့နှစ်ယောက်ကြားမှာတော့ အခုအကုန်အဆင်ပြေပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Football Italia က ဖော်ပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က