ဂျူဗီနဲ့ပွဲမှာ ပါရီဒက်စ်နဲ့ ပြန်လည်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ဂျူဗင်တပ်စ်တို့ပွဲမှာ ပွဲချိန်အတွင်း နှစ်ဖက်အသင်းသားတွေ အချင်းများမှုတွေရှိခဲ့ကြပါတယ်။ ပီအက်စ်ဂျီက ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ပွဲက အကြိတ်အနယ်ဖြစ်ခဲ့ကာ အနိုင်ရဖို့အတွက် ပီအက်စ်ဂျီက အားထုတ်ခဲ့သလို ဂျူဗီကလည်း သရေပွဲရအောင် ကြိုးစားခဲ့လို့ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကာ ကစားသမားတွေကြားထဲမှာပါ ထိတွေ့မှုတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ 

ဒိလိုအချင်းများနေချိန်မှာတော့ ထုံးစံအတိုင်း ဇာတ်လိုက်ကျော်ကြီး ရာမို့စ်လည်း ပါဝင်ခဲ့ပါတယ်။ ရန်ပွဲထဲကို ရာမို့စ်ပါဝင်လာပြီးနောက်မှာ ဂျူဗီကွင်းလယ်လူပါရီဒက်စ်ကို လည်ပင်းဖမ်းကိုင်ခဲ့ပြီးတော့ ကြမ်းကြမ်းတမ်းတမ်းနဲ့ပဲ စပိန်နောက်ခံလူက ဖြေရှင်းခဲ့ပါတယ်။ ဒါက သူ့ရဲ့ ပုံစံဖြစ်တာကြောင့် မထူးဆန်းပေမယ့်လည်း ထူးဆန်းတာကတော့ ပါရီဒက်စ်ကြောင့်ပါပဲ။

ပါရီဒက်စ်က ပီအက်စ်ဂျီကနေ ဂျူဗီကို ပြောင်းရွှေ့ခဲ့တာ ၆ ရက်သာရှိသေးတဲ့သူဖြစ်ပြီး အသင်းဟောင်းနဲ့ ချက်ချင်းဆိုသလိုပဲ ပြန်လည်ရင်ဆိုင်ခဲ့ရတပါ။ ပီအက်စ်ဂျီအသင်းဖော်ဟောင်းတွေနဲ့လည်း ပြန်ဆုံဆည်းခဲ့တာဖြစ်ပေမယ့် အချင်းများချိန်မှာတော့ ရာမို့စ်က ပူပူနွေးနွေးအသင်းဖော်ဟောင်းကိုပါ ခပ်ကြမ်းကြမ်းကိုင်တွယ်ပစ်ခဲ့တာဖြစ်ပါတယ်။ 

ရာမို့စ်အတွက်ကတော့ သူ့အသင်းမှာရှိနေတဲ့သူကသာ အသင်းဖော်တွေလို့ သတ်မှတ်ထားပြီး ကျန်ကစားသမားတွေဆိုရင် ငြိတဲ့အချိန်မှာ ချမယ်ဆိုတဲ့ပုံစံမျိုးပါပဲ။ ပရိသတ်တ​ွေကတော့ အသင်းဖော်ဟောင်းဖြစ်တာ ရက်ပိုင်းပဲရှိသေးတဲ့ ပါရီဒက်စ်ကို ရာမို့စ်က အခုလိုမျိုး ဆက်ဆံခဲ့တဲ့အပေါ်မှာ သဘောကျနေကြပြီး လက်ရှိအခြေအနေကိုပဲ ခေါင်းထဲထည့်ထားတဲ့သူလို့ ဆိုနေကြပါတယ်။ 

ရီးရဲလ်မက်ဒရစ်နဲ့ ပြန်တွေ့ခဲ့ရင်လည်း ဒီလိုပဲ သူ လုပ်လိမ့်မယ်လို့ သုံးသပ်ခဲ့ကြပြီး ရာမို့စ်ကမှ ပရော်ဖက်ရှင်ဆန်တဲ့ကစားသမားလို့လည်း ဆိုကြပါတယ်။ ရာမို့စ်ကတော့ ကစားပုံကြမ်းတမ်းပြီး ညစ်ပတ်တဲ့စိတ်အခံရှိပေမယ့် ပရိသတ်တွေကြားမှာတော့ အားပေးမှုတော်တော်လေးရထားတဲ့ ကစားသမားဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က