ဘတ်ပီကို ပင်နယ်တိကန်သွင်းခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြိး ပြောခဲ့တာပါ။

လိုက်ဇစ်နဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် ၂ ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တဲ့ မက်ဆီဟာ ဟက်ထရစ်ရရှိစေမယ့် ပင်နယ်တီကို မသွင်းယူဘဲ အသင်းဖော်ဘတ်ပီကို ကန်သွင်းခွင့်ပြုခဲ့ပါတယ်။ တကယ်လို့ သူသာကန်သွင်းခဲ့မယ်ဆိုရင် အသင်းသစ်နဲ့အတူ ပထမဆုံးဟက်ထရစ်ရရှိမယ့် အခွင့်အရေးကို ပိုင်ဆိုင်မှဖြစ်ပေမယ့် မက်ဆီက ဘတ်ပီကို ဦးစားပေးခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးကတော့ ပင်နယ်တီလွဲချော်ခဲ့ပါတယ်။ 



အဆိုပါပွဲမှာ ပီအက်စ်ဂျီက ပင်နယ်တီ ၂ကြိမ်အထိ ရရှိခဲ့တာဖြစ်ပြီး ပထမတစ်ကြိမ်မှာ မက်ဆီက ကန်သွင်းခဲ့ပြီးဖြစ်ပါတယ်။ မက်ဆီရဲ့ ပင်နယ်တီကန်သွင်းခွင့်ပြုခဲ့တဲ့အပေါ်မှာ ဘတ်ပီက အပြန်အလှန်လေးစားမှုဖြစ်ပြီး ဒါဟာ ပုံမှန်အတိုင်းသာဖြစ်တယ်လို့ ပြောဆိိုခဲ့ကာ မက်ဆီနဲ့ တွဲဖက်ကစားခွင့်ရတဲ့အပေါ်မှာ ကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မက်ဆီကလည်း "ကျွန်တော်သွင်းယူခဲ့တဲ့ဂိုးအားလုံးနဲ့ နောက်သွင်းယူမယ့် သွင်းဂိုးတွေက အသင်းဖော်တွေရဲ့ အားထုတ်မှုကနေ ရရှိခဲ့တဲ့ ဂိုးတွေဖြစ်ပါတယ်၊ အဲဒီတော့ အသင်းဖော်တွေ ဂိုးသွင်းနိုင်တဲ့အချိန်မှာဆိုရင်လည်း ကျွန်တော်ပျော်ရွှင်ရပါတယ်၊ ကျွန်တော်ဂိုးသွင်းနိုင်ချိန်မှာ သူတို့ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက်နဲ့ အတူတူပါပဲ၊ လိုက်ဇစ်နဲ့ပွဲမှာ ဘတ်ပီက ကျွန်တော့်ကို သူ့ကြောင့်ရတဲ့ ပင်နယ်တီကန်သွင်းခွင့်ပေးခဲ့ပါတယ်"


"အဲဒီနောက် ဒီနေ့ညတော့ ငါတို့ တစ်ယောက်နှစ်ဂိုးစီသွင်းကြရအောင်လို့ သူ့ကို ကျွန်တော်ပြောခဲ့ပြီး ပင်နယ်တီထပ်ရချိန်မှာ ကန်သွင်းခွင့်ပေးခဲ့တာပါ၊ ဒါပေမယ့် ကျွန်တော်ဆန္ဒရှိသလိုတော့ ဖြစ်မလာခဲ့ဘဲ သူ လွဲချော်ခဲ့ပါတယ်၊ နောက်တစ်ကြိမ်တော့ သူ ဂိုးဝင်အောင်သွင်းနိုင်မှာပါ" လို့ ပြောဆိုခဲ့ကြောင်း Just Football က ဖော်ပြခဲ့ပါတယ်။ 

Share

က္က