အပြစ်ပေးတဲ့အနေနဲ့ တစ်သင်းလုံးကို လက်ဆောင်ဝယ်ပေးဖို့ စည်းကမ်းထုတ်ထားတာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၁၈ ခုနှစ်တုန်းက ဗလင်စီယာနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ဂျူဗင်တပ်အသင်းဖော်တွေအားလုံးကို iMacs တွေ ဝယ်ပေးခဲ့တယ်လို့ အသင်းဖော်ဟောင်း ဆက်ဇ်နီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

နည်းပြ အယ်လီဂရီနီက ဘယ်လိုအမှားမျိုးကိုမဆို လုပ်မိတဲ့သူက အသင်းသားတွေအားလုံးကို လက်ဆောင်ဝယ်ပေးရမယ်ဆိုတဲ့ စည်းကမ်းကို ချမှတ်ထားတာဖြစ်ပြီး ရော်နယ်လ်ဒိုက တိုက်တိုက်ဆိုင်ဆိုင် အနီကတ် ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆက်ဇ်နီက ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ ၂ လလောက်အထိ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လုပ်ဆောင်ဖို့ တွန့်ဆုတ်နေခဲ့ပြီး နောက်ဆုံးမှာတော့ အသင်းဖော်တွေကို iMacs တွေကို ဝယ်ပေးခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း the Sun က ဖော်ပြခဲ့ပါတယ်။



ဂျူဗင်တပ်ဂိုးသမား ဆက်ဇ်နီက ပိုလန် စကားပြောခန်းအစီအစဉ်မှာ "အဲဒီလက်ဆောင်ကို ဝယ်ပေးဖို့ အချိန်တော်တော် ကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအနီကတ်ကို သူက လက်မခံနိုင်ခဲ့ဘဲ သူ့ကစားသမားဘဝတစ်လျှောက်မှာ ဘာအမှားမှ မလုပ်ခဲ့ဖူးဘူးလို့ ပြောနေခဲ့လို့ပါ"

"အဲဒါက သူ့အတွက် လက်ခံဖို့ ခက်ခဲခဲ့ပါတယ်။ ၂ လလောက် အငြင်းအခုံလုပ်ခဲ့ရပေမယ့် ကျွန်တော်တို့အားလုံး iMac လက်ဆောင်ရရှိခဲ့ကြပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာပြီးနောက် အီတလီထိပ်သီးအသင်းကြီးအတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက်ပွဲစဉ်အဖြစ်နဲ့ စပိန်ကို ပြန်လည်သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဗလင်စီယာနဲ့ပွဲစဉ်မှာ ဂျေဆင် မူရီယိုရဲ့ ဆံပင်ကို ဆွဲခဲ့တယ်ဆိုပြီး ကွင်းလယ်ဒိုင်ရဲ့တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးဟာ ကွင်းလယ်ဒိုင်ရဲ့ ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသတကြီး မြက်ခင်းပေါ်ထိုင်ချပြီး မချိတင်ကဲ ငိုကြွေးခဲ့ရပြီး ခေါင်းတခါခါနဲ့ မျက်ရည်သုတ်ရင်း ကွင်းအတွင်းကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က