ဆွစ်ဇာလန်ကို အနိုင်ရအပြီးမှာ ပေါ်တူဂီအသင်းသားတွေအားလုံး အောင်ပွဲခံနေချိန်မှာ ရော်နယ်ဒိုကတော့ သူတဦးတည်းရှိနေခဲ့ကာ လမ်းလျှောက်နေခဲ့ပါတယ်။ အသင်းရဲ့ ကြီးမားတဲ့နိုင်ပွဲအတွက် အသင်းဖော်တွေ အောင်ပွဲခံနေချိန်မှာပဲ ရော်နယ်ဒိုက သီးသန့်ရှိနေခဲ့ကာ အဝတ်လဲခန်းအတွင်းကို တိုက်ရိုက်ဝင်သွားဖို့အတွက် လုပ်နေခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
ရော်နယ်ဒိုမပါဝင်ပေမယ့်လည်း ပေါ်တူဂီက ဘာပြသနာမှမရှိခဲ့ဘဲ သူ လူစားမဝင်ချိန်မှာပဲ ၅-၁ နဲ့ ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ သူ့နေရာမှာ အစားထိုးပွဲထွက်ခွင့်ရခဲ့တဲ့ ဂွန်ကာလိုရာမို့စ်က ဟက်ထရစ်သွင်းယူခြေစွမ်းပြခဲ့ပြီး ဒီပွဲကတော့ သူ့အတွက် ဒီကမ္ဘာ့ဖလားမှာ ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး အထူးခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။
အရန်ခုံမှာလည်း ရော်နယ်ဒိုဟာ စိတ်မကြည်မသာဖြစ်တဲ့ပုံစံတွေကို ပြသခဲ့ပြီး နည်းပြဖာနန်ဒိုဆန်းတို့စ်နဲ့လည်း အနီးကပ်စကားပြောဆိုတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲအပြီးမှာလည်း သူ့ကို အသင်းဖော်တွေနဲ့ သီးသီးခြားခြားကွဲထွက်နေတာကို တွေ့ခဲ့ရပြီး ပွဲထွက်ခွင့်မရတဲ့အပေါ်မှာ သူ့ဘက်က ပြသနာရှိနေတဲ့ပုံစံတွေကို အနုနည်းနဲ့ ပြသခဲ့တယ်လို့ ယူဆရပါတယ်။
ပွဲအပြီးမှာ ဖာနန်ဒိုဆန်းတို့စ်က "ရော်နယ်ဒိုနဲ့ ရာမို့စ်က ကွဲပြားခြားနားတဲ့ ကစားသမားတွေပါ၊ ကျနော်တို့ အသင်းခေါင်းဆောင်နဲ့ ဘာပြသနာမှမရှိပါဘူး၊ ကျနော်တို့က နှစ်ပေါင်းများစွာ သူငယ်ချင်းတွေဖြစ်ခဲ့တာပါ၊ ပွဲမတိုင်ခင်မှာ စကားပြောဆိုခဲ့ကြပြီး ကျနော့်ဆုံးဖြတ်ချက်အတွက် ဘာပြသနာမှ သူ့မှာမရှိပါဘူး" လို့ ပြောဆိုသွားခဲ့ပါတယ်။
ပေါ်တူဂီကတော့ ကွာတားဖိုင်နယ်မှာ မော်ရိုကိုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
သူငယ်ချင်းတွေနဲ့ မိသားစုကိုလည်း စိန်ခေါ်ပြီး Celebrate World Cup 2022 Fearlessly with Clear Campaign ကို အတူပါဝင်ဆင်နွှဲလိုက်ပါ။ ကိုယ့်ကျွမ်းကျင်မှုပြသပြီးရင် သူငယ်ချင်းနဲ့ မိသားစုဝင်တွေကို Tag တွဲကာ Hashtag #ClearMyanmar #ClearFearlessWorldCup2022 ကို အသုံးပြုပြီး Post ကို Public ဖြင့် မျှဝေလိုက်ပါ။ ဒီလင့်ခ်လေးကိုနှိပ်ပြီး ဝင်ကစားရုံပါပဲ