ရော်နယ်ဒိုရဲ့ လုပ်ရပ်က အားလုံးကို အံ့အားသင့်စေခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ပရိသတ်တွေအားလုံး အံ့အားသင့်အောင်ကို လုပ်ပြလိုက်ပြန်ပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲမှာ အသင်းဖော်ကစားသမားတဦး ဒဏ်ရာရလို့ လဲကျချိန်မှာ ဖိနပ်ကျွတ်သွားခဲ့ပြီး အဲဒီဖိနပ်က ကြိုးကို သူ့ပါးစပ်နဲ့ ကိုက်ပြီးတော့ ဖြည်ပေးနေခဲ့တာပါ။

ဖိနပ်ကြိုးချည်ထားတာက လွယ်လွယ်နဲ့ ဖြည်မရတဲ့နောက် ရော်နယ်ဒိုဟာ ပါးစပ်နဲ့ ကိုက်ပြီး ဖြည်ပေးနေခဲ့တာပါ။ အချိန်အတန်ကြာအောင် သူ ဖြည်ခဲ့ရပြီး ဒီမြင်ကွင်းက အားလုံးကို မင်သက်စေခဲ့ပါတယ်။ ပေါ်တူဂီကစားသမားဟာ စိတ်ပါလက်ပါနဲ့ကို လုပ်ပေးခဲ့တာဖြစ်ပြီး သူ့အပြုအမူကို အားလုံးက ချီးကျူးနေကြပါတယ်။ 

ပရိသတ်တွေကတော့ ဒါဟာ ရော်နယ်ဒိုက သူ့အပေါ် မာနကြီးတယ်၊ အတ္တကြီးတယ်ဆိုတဲ့ အမြင်တွေကို တချီတည်းနဲ့ အပြတ်ရှင်းပြလိုက်တာလို့ ပြောဆိုနေကြပါတယ်။

ရော်နယ်ဒိုကို သူ့အသင်းဖော်တွေ ဘာလို့ချစ်ခင်ကြတာလဲဆိုတာ ဒါက သက်သေပဲလို့လည်း မှတ်ချက်ပြုနေကြပါတယ်။ 



ကမ္ဘာကျော်ကစားသမားတဦး၊ နာမည်ကျော်လူပုဂ္ဂိုလ်တဦးအနေနဲ့ ရော်နယ်ဒိုက အားလုံးမထင်မှတ်ထားတာကို လုပ်ပြခဲ့တာလည်းဖြစ်ပါတယ်။ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို အပြည့်အ၀ရရှိထားပြီး လေးစားချစ်ခင်မှုကိုပါ ပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်သော အမှတ်တွေက တိုးပွားလို့ကို လာနေပါပြီ။ 

Share

Loading Next Article...
က္က