ကားပေါ်မှာ ကြည့်ခဲ့တဲ့အပေါ်ကို ထောင်ထဲကနေကြည့်နေရသလိုပဲလို့ သူ့ရဲ့ ဂိုးနည်းပြက တင်စားခဲ့တာပါ။

စီးရီးအေမှ ပွဲကြီးကြပ်ခွင့် ၂ ပွဲအပယ်ခံခဲ့ရတဲ့ ရိုးမားနည်းပြမော်ရင်ဟိုဟာ မနေ့က ကစားခဲ့တဲ့ စပီဇီယာနဲ့ပွဲကိုတော့ အသင်းဘတ်စ်ကားပေါ်ကနေ ကြည့်ရှုသွားခဲ့ပါတယ်။ ဗီရိုနာနဲ့ သရေကျခဲ့တဲ့ပွဲမှာ ကွင်းအတွင်း ဘောလုံးကို အားပါးတရနဲ့ အဝေးကြီးဆီကန်ထုတ်ခဲ့လို့ အနီကတ်ပြသခံခဲ့ရတဲ့ မော်ရင်ဟိုဟာ ပွဲပယ်ခံရမှုကြောင့် ကွင်းအတွင်းကြီးကြပ်နိုင်ခြင်းမရှိခဲ့တာလည်းဖြစ်ပါတယ်။ 

မော်ရင်ဟိုနဲ့အတူ အသင်းဂိုးနည်းပြနူနိုဆန်းတို့တို့က ဘတ်စ်ကားပေါ်မှာ iPad ကနေ အသင်းပွဲစဉ်ကို ကြည့်ရှုခဲ့တဲ့ ဓာတ်ပုံကို ဆန်းတို့စ်က သူ့ရဲ့ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။ ဒီနောက်မှာ Caption ကိုတော့ "ထောင်ထဲမှာ iPad တီဗီရှိတယ်" လို့ သူက ရေးသားခဲ့ပြီး သူတို့နည်းပြအကျဉ်းချခံထားရတယ်လို့ သဘောသက်ရောက်စေခဲ့ပါတယ်။ 

အဆိုပါပွဲမှာတော့ ရိုးမားဟာ နာကျင်အချိန်ပို ၆ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နိုင်ပွဲရအပြီး အသင်းဘတ်စ်ကားရှေ့မှာ မော်ရင်ဟိုတို့တသိုက် အောင်ပွဲခံခဲ့ကြတယ်လို့သိရကာ ဒီနိုင်ပွဲကတော့ နောက်ဆုံး ၅ ပွဲမှာ ပထမဆုံးအနိုင်ရရှိတဲ့ပွဲလည်း ဖြစ်ခဲ့ပြီး အေဘရာဟမ်က ပင်နယ်တီကို အဆုံးသတ်ကန်သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

မော်ရင်ဟိုကတော့ ဘောလုံးပွဲကြည့်နေချိန်မှာ သူ့ရဲ့ ပုံစံအတိုင်း ထီမထင်ဟန်ပန်နဲ့ ရှိနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ မကြာခဏဆိုသလို ပရိသတ်တွေပွဲကျလေ့ရှိအောင် ပြောဆို၊ ပြုမူတတ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြဟာ စီးရီးအေမှာလည်း အငြင်းပွားချင်စရာကိစ္စတွေကို ထပ်မံပြုလုပ်နေဆဲဖြစ်ကာ သူ့အပေါ် ပရိသတ်တွေရဲ့ စိတ်ဝင်စားအာရုံစိုက်မှုတွေ လျော့ကျမသွားအောင် ထိန်းထားနိုင်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က