၆ ကိုက် အကွာက ပိတ်သွင်းယူမှုကို လွဲဖြစ်အောင်လွဲခဲ့ပါသေးတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ အက်ဖ်အေဖလားဆီမီးဖိုင်နယ်မှာတော့ လူကာကူတယောက် အသင်းပရိသတ်တွေကို မျက်လုံးတွေပြူး၊ ပါးစပ်အဟောင်းသားဖြစ်အောင် ထပ်လုပ်သွားပြခဲ့ပြန်ပါပြီ။ ပေါင် ၉၇ သန်းနဲ့ ဝယ်ယူထားရတဲ့ လူကာကူဟာ ပရီးမီးယားလိဂ်မှာ ၅ ဂိုးသာရရှိထားခဲ့ပြီး ခြေစွမ်းမပြနိုင်ဖို့ ဖိအားတွေရောက်နေသလို အရန်ကစားသမားအဖြစ်နဲ့သာ ပွဲထွက်နေရတာဖြစ်ပါတယ်။ 

သောမတ်စ်တူချယ်လ်က သူ့အသင်းတိုက်စစ်ပိုင်းမှာ ကိုင်ဟာဗက်ဇ်၊ ဝါနာနဲ့ မေဆန်မောင့်တို့ကိုသာ ဦးစားပေးအသုံးပြုနေပြီး လူကာကူကိုတော့ အရန်ခုံမှာသာ ထိုင်ခိုင်းနေတာဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ပွဲမှာလည်း ဒုတိယပိုင်းမှသာ လူကာကူ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး အပိုင်အခွင့်အရေးတကြိမ်ရရှိခဲ့ပေမယ့်လည်း အံ့အားသင့်ဖွယ်ရာလွဲချော်ခဲ့ရပြန်ပါတယ်။ 



တီမိုဝါနာက တော်တော်လေးလျင်မြန်တဲ့ပုံစံနဲ့ ပဲလေ့စ်နောက်တန်းကို ထိုးဖောက်လာခဲ့ပြီး ဂိုးပေါက်ရှေ့မှာရှိနေတဲ့ လူကာကူကို ထိုးပေးခဲ့ရာမှာ ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့ ပိတ်သွင်းယူမှုက အံ့အားသင့်ဖွယ်ရာကောင်းအောင် လွဲချော်ခဲ့ပါတယ်။ ခြောက်ကိုအကွာကနေ ပိတ်သွင်းယူခဲ့ရာမှာ ဘောလုံးက ဂိုးတိုင်ကိုထိထွက်ခဲ့ပြီး ပြန်အံထွက်လာတဲ့ဘောလုံးကို ဇီယက်ချ်ပိတ်သွင်းရာမှာလည်း ပဲလေ့စ်နောက်တန်းက ဖျက်ထုတ်သွားနိုင်ခဲ့တာပါ။ 

လူကာကူကတော့ သူ့ရဲ့လွဲချော်မှုအတွက် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရသလို ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။ ပေါင်သန်း ၁၀၀ နီးပါးပေးဝယ်ထားရတဲ့ ဒီတိုက်စစ်မှူးရဲ့ ခြေစွမ်းက ချယ်လ်ဆီးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး အပိုင်အခွင့်အရေးတော်တ​ော်များများကို လွဲချော်နေခဲ့မှုကြောင့် ပြန်ရောင်းထုတ်ဖို့အတွက်ကိုပါ တိုက်တွန်းနေကြပြီဖြစ်ပါတယ်။ 


လူကာကူကိုယ်တိုင်လည်း ပုံမှန်ကစားခွင့်ပျောက်ဆုံးပြီး ခြေစွမ်းမပြနိုင်နေတာကြောင့် အသင်းဟောင်းအင်တာမီလန်ကို ပြန်ပြောင်းရွှေ့ချင်နေတယ်လို့သိရပါတယ်။ 

Share

Loading Next Article...
က္က