ဒဲ့ လာပြောလို့ သတိပေးလိုက်တာပါ။

ရန်းဂ်နစ်ခ်ကတော့ ကစားသမားဆီကနေ မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောဆိုတာမျိုးကို မကြားမိကြောင်း ပြောဆိုခဲ့ပါတယ်။ 


လာမယ့်ဇန်နဝါရီမှာ အသင်းကနေထွက်ခွာချင်တယ်လို့ ပြောဆိုထားတဲ့ တိုက်စစ်မှူးမာရှယ်နဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြရန်းဂ်နစ်ခ်က ပြတ်ပြတ်သားသားပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ ပြင်သစ်ကစားသမားအနေနဲ့ အသင်းကထွက်ခွာချင်တယ်ဆိုရင် သူ့ကို ဒါမှမဟုတ် ဘုတ်အဖွဲ့ဆီကို တိုက်ရိုက်ပြောဆိုဖို့ ရန်းဂ်နစ်ခ်က သတိပေးလိုက်ပြီး မီဒီယာနဲ့အေးဂျင့်ကတဆင့် ပြောဆိုနေမှုတွေကို သူ စိတ်မဝင်စားဘူးလို့ ဆိုခဲ့တာပါ။ 

ယူနိုက်တက်မှာ ပုံမှန်ကစားခွင့်ဆုံးရှုံးနေတဲ့ မာရှယ်က အိုးထရက်ဖို့ဒ်ကနေ ထွက်ချင်နေပြီလို့ အေးဂျင့်ဖြစ်သူ ဖိလစ်ပီလမ်ဘိုလေးက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တပတ်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ရန်းဂ်နစ်ခ်ကတော့ ကစားသမားဆီကနေ မပျော်မရွှင်ဖြစ်နေတယ်လို့ ပြောဆိုတာမျိုးကို မကြားမိကြောင်း ပြောဆိုခဲ့ပါတယ်။ 

မာရှယ်ရဲ့အနေအထားနဲ့ပတ်သက်ပြီး တုံ့ပြန်မှုတွေလုပ်မှာလားလို့ ရန်းဂ်နစ်ခ်ကို မေးမြန်းခဲ့ရာမှာ "နိုး၊ အေးဂျင့်ကနေပဲ ပြောနေတာမျိုးကို ကျနော်က ဘာပြန်ပြောရမှာလဲ၊ တကယ်ဆို အခုလိုပြောတာက ကစားသမားပဲဖြစ်သင့်ပါတယ်၊ တကယ်လို့ သူ့အနေနဲ့ အခြားအသင်းကို ပြောင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်လည်း ဘုတ်အဖွဲ့ကို ဒါမှမဟုတ် ကျနော့်ကို သတင်းပို့သင့်ပါတယ်၊ မီဒီယာတွေ၊ အေးဂျင့်တွေကနေ တဆင့်ပြောနေတာမျိုးကို ကျနော် ဘယ်တော့မှ ပြောမှာမဟုတ်ပါဘူး"

"ပဲလေ့စ်နဲ့ပွဲမတိုင်ခင် နောက်ဆုံးလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ သူက အသင်းဆေးအဖွဲ့နဲ့ ဆရာဝန်တွေကို သူ မကစားနိုင်ဘူးလို့ အကြောင်းကြားခဲ့တယ်၊ အကြောင်းကတော့ သူ့ ဒူးက တော်တော်လေးယောင်နေလို့ပါ၊ ကျနော်တို့စောင့်ကြည့်နေပါတယ်၊ သူ တနင်္ဂနွေနေ့မှာ (မနေ့က) ပြန်လေ့ကျင့်နိုင်မလားဆိုတာ

မသိဘူး၊ ဒါပေမယ့် အရင်ဆုံး အသင်းဆရာဝန်နဲ့ ကျနော်ပြောရပါဦးမယ်" လို့ ပြောဆိုခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် မာရှယ်ဟာ ယူနိုက်တက်နဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်ပြီး အသင်းရဲ့နောက်ဆုံး ၃ ပွဲကို လွဲချော်ထားခဲ့သူဖြစ်ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ အသင်းအတွက် ၂၃ ဂိုးအထိရယူကာ ခြေစွမ်းပြခဲ့ပေမယ့် အဲဒီနောက်မှာ ခြေစွမ်းကျဆင်းနေခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံသွင်းဂိုး ၇ ဂိုးသာ ရရှိခဲ့ပါတယ်။ 

Share

က္က