ဂန္ထဝင်ကစားသမားဟောင်းကြီးဖြစ်ပါတယ်။

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှီးယားဟာ နယူးကာဆယ်အတွက် ၄၀၅ ပွဲကစားပေးခဲ့ပြီး ၂၀၆ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။


နယူးကာဆယ်အသင်းရဲ့ ဒါရိုက်တာသစ်ဖြစ်သူ အမ်မန်ဒါစတာဗီလေက သူမဟာ အသင်းဂန္ထဝင်ကစားသမားဟောင်းကြီး အလန်ရှီးယားကို အသင်းဆီပြန်လာဖို့အတွက် စာရေးသားပေးပို့ထားကြောင်း The Telegraph နဲ့ အင်တာဗျူးမှာပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ရှီးယားကို ဘယ်လိုရာထူးမျိုးနဲ့ အသင်းဆီ ပြန်ခေါ်ယူမလဲဆိုတာကိုတော့ သူမက ပြောဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။ 



အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှီးယားဟာ နယူးကာဆယ်အတွက် ၄၀၅ ပွဲကစားပေးခဲ့ပြီး ၂၀၆ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အသင်းသမိုင်းတလျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီး ၂၀၀၉ ခုနှစ်က အသင်းနည်းပြအဖြစ်နဲ့ တာဝန်ယူခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိတာကြောင့် ထုတ်ပယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

အခုအခါမှာ အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ခဲ့ပြီးနောက် နယူးကာဆယ်ရဲ့ ပြုပြင်ပြောင်းလဲရေးအပေါ် အားလုံးကစိတ်ဝင်စားလာခဲ့ပြီဖြစ်ပါတယ်။ အနာဂတ်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်တဲ့အထိ ပစ်မှတ်ထားထားတယ်လို့ အမ်မန်ဒါကပြောဆိုထားပြီး ဒီစီမံကိန်းမှာ ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ အလန်ရှီးယားကို ထည့်သွင်းဖို့ ကြံစည်နေဟန်ရှိပါတယ်။ 

"အလန်ရှီးယား ဘာလုပ်ချင်လဲဆိုတာကိုပဲ ကျွန်မက မေးရမှာပါ (နည်းပြ၊ အားကစားဒါရိုက်တာစသဖြင့်)၊ ဂုဏ်သတင်းကြီးမားသူ၊ ခမ်းနားကြီးကျယ်သူတွေအားလုံးနဲ့ ညှိနှိုင်းဖို့က အရမ်းအရေးကြီးပါတယ်" လို့ အမ်မန်ဒါက ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်းခေါင်ေးဆာင် လက်ဆဲလက်စ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးပြီလို့ သူမက ပြောဆိုထားပြီး နာမည်ကျော်ကစားသမားတွေကို ဝယ်ယူဖို့အတွက်တော့ မယုတ်မလွန်သာ ပြောဆိုခဲ့ပါတယ်။


အသင်းအနေနဲ့ ရည်မှန်းချက်ကြီးမားပြီး ပရိသတ်တွေလည်း မျှော်လင့်ချက်တွေရှိလာနေပေမယ့် အချိန်ယူတည်ဆောက်ရမှာဖို့ စိတ်ရှည်ဖို့လိုကြောင်းလည်း သူမက ပြောဆိုခဲ့ပါတယ်။ အလန်ရှီးယားကိုယ်တိုင်ကလည်း အသင်းအရောင်းအဝယ်ပြုလုပ်ပြီးတဲ့နောက် တွစ်တာကတဆင့် အားရဝမ်းသာစွာ ကြိုဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က