ဒီနေ့ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် ပြောခဲ့တာပါ။

ယူနိက်တက်ကို ပြန်လည်တည်ဆောက်ရေးခရီးစဉ်မှာ အသင်းထက်ပိုပြီး ဘယ်ကစားသမားကမှ အရေးမကြီးဘူးလို့ နည်းပြရန်းဂ်နစ်ခ်က ရော်နယ်ဒိုကို ပြောဆိုသတိပေးလိုက်ပြီဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ လူစားလဲလှယ်ခံရတဲ့အပေါ် ရော်နယ်ဒိုက မကျေမနပ်ဖြစ်ခဲ့ပြီး စောဒကတက်ခဲ့မှုကို ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး ဒါဟာ တချိန်က ယူနိုက်တက်နည်းပြကြီးဖာဂူဆန် လျှောက်ခဲ့တဲ့ လမ်းစဉ်လည်းဖြစ်ပါတယ်။ 

အဆိုပါပွဲရဲ့ ဒုတိယပိုင်းမှာ ရော်နယ်ဒိုကို ရန်းဂ်နစ်ခ်က လူစားလဲလှယ်ခဲ့ပြီး ကစားသမားက မကျေနပ်တဲ့အမူအယာတွေကို ကွင်းတွင်းကွင်းပြင်မှာပြသခဲ့ပါတယ်။ အဲဒီနောက်မှာ ရန်းဂ်နစ်ခ်က ရော်နယ်ဒိုနားသွားရောက်ပြီး စကားပြောဆိုမှုတွေပြုလုပ်ခဲ့ကာ နှစ်ဦးသားကြား ပြေလည်ခဲ့ပြီလို့ ယူဆခဲ့ရပေမယ့် ဝက်စ်ဟမ်းနဲ့ကစားရမယ့် ဒီနေ့ပွဲစဉ်မတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ရန်းဂ်နစ်ခ်က အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။ 

"ရော်နယ်ဒို၊ ကာဗာနီ၊ ဘရူနိုဖာနန်ဒက်စ် ဒါမှမဟုတ် ကစားသမားတယောက်ယောက်ပေါ့၊ ကစားသမားတွေထက် အသင်းက ပိုအရေးကြီးပါတယ်၊ ဒါက အသင်းအတွက် အကောင်းဆုံးအကျိုးအမြတ်လည်းဖြစ်ပါတယ်၊ သူက ကျနော့်ကို စိန်ခေါ်နေတယ်ဆိုတာမျိုးတော့ ကျနော်မမြင်သလို အဲဒီအဓိပ္ပာယ်လည်းမရှိပါဘူး၊ လူစားလဲခံရတာကို သူ မပျော်ရွှင်ဘူးဆိုတဲ့ စိတ်ဓာတ်ကျလွန်းတဲ့ခံစားချက်ကိုသာ ပြသခဲ့တာပါ၊ ဒီအတွက် သူ့ကို အပြစ်မတင်ပါဘူး၊ ဒါပေမယ့် တီဗွီကင်မရာတွေရှေ့မှာ အရမ်းစိတ်ခံစားချက်ပြင်းပြတာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်
"


"ဒါကို ကိုယ်ရေးကိုယ်တာလို့လည်း ကျနော်မမှတ်ယူဘူး၊ အခြားကစားသမားတွေကို ကျနော်ကိုင်တွယ်ခဲ့ဖူးပါတ်၊ ရော်နယ်ဒိုလောက် နာမည်မကြီးပေမယ့်လည်း လူစားလဲခံရတာကို ဒီကစားသမားတွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကျနော်သိတယ်၊ လူငယ်ကစားသမားတွေမဟုတ်ဘဲ ဘာလို့ ကျနော်ဖြစ်ရတာလဲ ဆိုပြီး ကျနော့်ကို သူ မေးခဲ့ပါတယ်၊ ၅ မိနစ်အကြာမှာ လူငယ်ကစားသမားတဦး (ရက်ရှ်ဖို့ဒ်) က တတိယဂိုးသွင်းခဲ့ပြီး အဲဒါက အဖြေပါပဲ၊ သူလည်း ဂိုးသွင်းနိုင်ကောင်းသွင်းနိုင်ခဲ့ပါလိမ့်မယ်၊ ဒါပေမယ့် ဘောလုံးမှာ ဖြစ်နိုင်တယ်ဆိုတာမျိုး အမြဲတမ်းမရှိပါဘူး
"


"ဒါက မှန်ကန်တဲ့အခိုက်အတန့်မှာ ဆုံးဖြတ်ချက်တခုချမှတ်ရတာပါ၊ ဒီကိစ္စမှာ၊ ဒီဆုံးဖြတ်ချက်နဲ့ ရလဒ်က ကျနော်မျှော်လင့်ထားတဲ့အရာအားလုံးကို နောက်ဆုံးမှာ အတည်ပြုနိုင်ခဲ့ပါတယ်" လို့ ရန်းနစ်ခ်က ပြောဆိုခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ဒီနေ့ကစားရမယ့် ဝက်စ်ဟမ်းနဲ့ပွဲကို ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိနေပြီး လည်ပင်းဒဏ်ရာဂရရှိထားတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က