မာနေးက ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်ကစားသမား မာနေးဟာ အသင်းသစ်နဲ့ ပထမဆုံး ပွဲဦးထွက်မှာ သွင်းဂိုးရရှိဖို့အတွက် အချိန် (၄) မိနစ်နဲ့ (၁၅) စက္ကန့်၊ စက္ကန့်အားဖြင့် အချိန် (၂၅၅) စက္ကန့်သာ အချိန်ယူခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ဒီစီယူနိုက်တက်နဲ့ဘိုင်ယန်မြူးနစ်တို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ မာနေးက အခုလိုပဲ ပင်နယ်တီကတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာပါ။



ဒီပွဲဟာ ဘိုင်ယန်မြူးနစ်အတွက် လက်ရှိနွေရာသီမှာ ပထမဆုံးရာသီကြိုခြေစမ်းပွဲဖြစ်ပြီး မာနေးကလည်း ပွဲထွက်ကစားသမားအဖြစ် အသင်းကို ဦးဆောင်ခဲ့ပါတယ်။ ပွဲကစားချိန်အစောပိုင်းမှာတင် လူငယ်တိုက်စစ်မှူး ကိုပါဒိုကြောင့် ရရှိတဲ့ ပင်နယ်တီကို မာနေးက ဂိုးသမားရဲ့ ညာဘက်ထောင့်ကို အပြင်းကန်သွင်းပြီး ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့တာပါ။

ဒီစီယူနိုက်တက် ဂိုးသမား ကမ်ပင်နဲ့ ထိသွားခဲ့ပေမယ့် ကန်ချက်က ပြင်းထန်လွန်းတာကြောင့် ဂိုးထဲဝင်သွားခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပွဲကစားချိန် မိနစ် (၃၀) မှာရရှိခဲ့တဲ့ နာဘရီရဲ့သွင်းဂိုးအတွက်လည်း မာနေးက ဖန်တီးပေးခဲ့ပါသေးတယ်။ နောက်ထပ်ပြောစရာဖြစ်ခဲ့တာကတော့ နောက်ခံလူသစ် ဒီလစ်ဂ်ပါ။

ဒီကစားသမားဟာ ဂျူဗင်တပ်စ်က ပြောင်းလာလာချင်းမှာတင် ဘိုင်ယန်မြူးနစ်အတွက် ချက်ချင်း ပါဝင်ကစားပေးခဲ့ပြီး ကွင်းထဲရောက်တာနဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလစ်ဂ်အတွက် ကံမကောင်းခဲ့ဘဲ ပွဲကစားချိန် (၇၃) မိနစ်မှာတင် ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်က ရွန်းနီရဲ့ ဒီစီယူနိုက်တက်ကို ၂-၆ ဂိုးနဲ့ ပွဲအပြီးမှာ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ဂိုးတွေကို မာနေး၊ ဆာဘစ်ဇာ၊ နာဘရီ၊ ဒီလစ်ဂ်၊ ဇာ့ခ်ဇီ၊ မူလာတို့က သွင်းယူပေးခဲ့ပြီး ရွန်းနီရဲ့ ဒီစီယူနိုက်တက်ကတော့ ဘိုင်ယန်မြူးနစ်ကို ဘယ်လိုမှ ယှဥ်ကစားနိုင်စွမ်းမရှိခဲ့ပါဘူး။ 

Share

Loading Next Article...
က္က