ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာကို မပြောင်းရွှေ့ခင် ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးဟာ ကမ္ဘာ့ဖလားမတိုင်ခင် ပီးယာ့စ် မော်ဂန်နဲ့ အငြင်းပွားဖွယ် အင်တာဗျူးအပြီး မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကနေ ထွက်ခဲ့ရပြီးနောက် ရော်နယ်လ်ဒိုအတွက် ရွေးချယ်စရာတွေက လျော့ကျသွားခဲ့တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ကလည်း ပေါ်တူဂီတိုက်စစ်မှူးကို ခေါ်ယူမယ့်သတင်းတွေကို ငြင်းပယ်ခဲ့ကြတာဖြစ်ပါတယ်။
ရော်နယ်လ်ဒိုအတွက် မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း ရရှိခဲ့တဲ့ တစ်ခုတည်းသော ကမ်းလှမ်းမှုက ဆော်ဒီ အာရေဗျကလပ် အယ်လ် နက်ဆာအသင်းဆီကနေဖြစ်ပါတယ်။ အယ်လ် နက်ဆာအသင်းဟာ လက်ရှိ ဆော်ဒီ ပရော်ဖက်ရှင်နယ်လိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးကနေ ရပ်တည်နေတဲ့အသင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူသွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
အယ်လ် နက်ဆာအသင်းက အဲဒီရည်မှန်းချက်တွေကို အမှန်တကယ်ဖြစ်လာဖို့အတွက် ရော်နယ်လ်ဒိုကို ခေါ်ယူမှုက အဓိကကျတဲ့ ခြေလှမ်းဖြစ်လာနိုင်တယ်လို့ မျှော်လင့်နေတာဖြစ်ပြီး ကြီးမားတဲ့ ငွေကြေးပမာဏနဲ့ အပြောင်းအရွှေ့က ပြီးမြောက်ဖို့ ပိုမိုနီးကပ်လာနေပြီဖြစ်ပါတယ်။ CBS Sports ရဲ့သတင်းအရ အယ်လ် နက်ဆာအသင်းဟာ ရော်နယ်လ်ဒိုအတွက် ဆေးစစ်မှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပြီး ပေါ်တူဂီကြယ်ပွင့်ရဲ့အေးဂျင့်ဟာ ၎င်းရဲ့ကစားသမားအတွက် ဥရောပမှာ ခေါ်ယူချင်တဲ့အသင်း ရှာဖွေနိုင်ခြင်းမရှိခဲ့တာကြောင့် ဘလွန်ဒေါ ၅ ဆုရှင်ဟာ ရွေးချယ်စရာမရှိတဲ့အခြေအနေဖြစ်နေတာဖြစ်ပါတယ်။
အယ်လ်နက်ဆာအသင်းဟာ လက်ရှိမှာတော့ ရော်နယ်လ်ဒို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့အသင်းအဖြစ် ရှိနေပြီး တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၃ သန်းတန်ကြေးရှိတဲ့ စာချုပ် ကမ်းလှမ်းခဲ့တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်