(၁၅) ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တာပါ။

အမ်ဘာပေဟာ မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ နိုက်စ်တို့ရဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့နောက် ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။ ဒီပွဲမှာ ပီအက်စ်ဂျီက ၂-၃ ဂိုးနဲ့ နိုက်စ်ကို အရေးနိမ့်ခဲ့တာပါ။



ဒါပေမယ့်လည်း အမ်ဘာပေကတော့ ပီအက်စ်ဂျီအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ် (၁၅) ပွဲဆက်တိုက် ဂိုးသွင်း ဒါမှမဟုတ် ဂိုးဖန်တီးမှု တစ်ကြိမ်ကြိမ် ပြုလုပ်ပေးနိုင်တဲ့ စံချိန်မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီစံချိန်ကို အစပြုဖို့ ပြီးခဲ့တဲ့ရာသီ၊ ဧပြီလကနေ အစပြုခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ရော်နယ်ဒို၊ မက်ဆီတို့နဲ့ တူညီတဲ့စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီကတော့ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

အမ်ဘာပေကလည်း ပီအက်စ်ဂျီကနေ လာမယ့်နွေရာသီမှာ ထွက်ခွာမယ့် ကစားသမားတစ်ယောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်ထားပါတယ်။ အဲ့ဒါကြောင့်လည်း အမ်ဘာပေအနေနဲ့ အသင်းတာဝန်ရှိသူတွေအကြား အဆင်မပြေမှုတွေရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့နွေရာသီမှာ မက်ဆီ၊ နေမာတို့နှစ်ယောက်စလုံးကို အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ပြီးနောက် အသက် (၂၄) နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘာပေကပဲ အသင်းတိုက်စစ်ပိုင်းကို ဦးဆောင်ကစားပေးနေတာလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က