ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ဂိုးအများကြီးသွင်းထားပေမယ့် ဂွါဒီယိုလာလက်အောက်မှာ အကောင်းဆုံးအရည်အချင်းတွေကို မပြသနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက အာလင်း ဟာလန်းဟာ မန်ချက်စတာစီးတီးကို ရွေးချယ်ခဲ့တာ မှားယွင်းပြီး ရွေးချယ်မှုဖြစ်ခဲ့တယ်လို့ ယုံကြည်နေပြီး ဂွါဒီယိုလာရဲ့အသင်းကစားပုံက နော်ဝေတိုက်စစ်မှူးရဲ့ အကောင်းဆုံးပုံစံကို ရရှိအောင်လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့ညနေမှာ စိတ်ပျက်စရာ အချိန်တွေကို ထပ်မံ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး မြောက်လန်ဒန်မှာ တော့တင်ဟမ်ဟော့စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းအတွက် ဘာတစ်ခု မလုပ်ပေးနိုင်သလောက်နီးပါးဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ပရီးမီးယားလိဂ်မှာ အံ့အားသင့်ဖွယ်ဘဝအစကို ပိုင်ဆိုင်ခဲ့သူဖြစ်ပြီး ပထမဆုံးလိဂ် ပွဲ ၂၀ မှာ ၂၅ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း စီးတီးက ၎င်းတို့ရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့ ရုန်းကန်နေရပြီး စပါးစ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ၅ မှတ်အကွာမှာ ဆက်လက်ရပ်တည်ခဲ့ရတာဖြစ်ပါတယ်။

ကာရေဂါက မန်စီးတီးဟာ ဟာလန်း ပါဝင်ချိန်မှာ ကောင်းမွန်တဲ့အသင်းမဟုတ်ဘူးလို့ ခံစားနေရပြီး ဒေါ့မွန်ကြယ်ပွင့်ဟောင်းဟာ ဂိုးအများကြီးသွင်းထားပေမယ့် ဂွါဒီယိုလာလက်အောက်မှာ အကောင်းဆုံးအရည်အချင်းတွေကို မပြသနိုင်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ အာလင်း ဟာလန်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကိုပဲ မြင်နေရတယ်လို့ ထင်တယ်။ သူ ဒေါ့မွန်ကနေ ကွင်း ဟိုဘက်ဒီဘက် တန်ပြန်တိုက်စစ်ကစားတဲ့လိဂ်ကို လာခဲ့တယ်။ သူ့မှာရှိခဲ့တဲ့ မြန်နှုန်းကို ခင်ဗျား မြင်မှာပါ။ ဒါပေမယ့် အခု အဲဒါကို ကျွန်တော်တို့ မမြင်ရဘူး။ သူက သူ့ဆီက အကောင်းဆုံးပုံစံရရှိအောင် လုပ်နိုင်မယ့် အသင်းရွေးချယ်တာ မှားသွားခဲ့တာဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အာလင်း ဟာလန်းရဲ့ အရာအားလုံးကို မမြင်တွေ့ရပါဘူး။ သူက လိဂ်ဂိုး ၂၅ ဂိုးသွင်းခဲ့ပေမယ့် မန်စီးတီးက အသင်းအဖွဲ့အနေနဲ့ တူညီတဲ့ဂိုးပမာဏကို သွင်းယူထားတယ်ဆိုပေမယ့် သူတို့တွေ ဂိုးပိုပေးခဲ့ရပြီး သူတို့ကို တန်ပြန်တိုက်စစ်ကစားရတာလည်း ပိုပြီးတော့ လွယ်ကူလာခဲ့ပါတယ်"

"သူတို့တွေက အာလင်း ဟာလန်းအသင်းထဲမှာ ပါဝင်တဲ့အချိန်မှာ မတူညီတဲ့အသင်းနဲ့ အင်အားနည်းတဲ့အသင်းဖြစ်နေပါတယ်။ ဒါပေမယ့် အဲဒါက သူ့အပြစ်မဟုတ်ဘူး။ မန်စီးတီးက အသင်းအဖွဲ့အနေနဲ့ ကန်တင်ပြေးဘောလုံးကစားပုံမျိုး ကစားမှာမဟုတ်ပါဘူ။ အဲဒါက ဂွါဒီယိုလာရဲ့ပုံစံမဟုတ်ဘူး။ သူတို့တွေက တိုက်စစ်ကို နှေးနှေးစတင်ပြီး ပြိုင်ဘက်တွေကို ပင်နယ်တီဧရိယာအစွန်းကို ပြန်တွန်းထုတ်ပြီး အဲဒီနေရာကနေ ကစားတဲ့အသင်းပါ။ အာလင်း ဟာလန်းက လိဂ်ဂိုး ၂၅ ဂိုးအထိ သွင်းယူထားနိုင်ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီကစားသမားလုပ်နိုင်တဲ့ အစွမ်းအကုန်ကို မမြင်တွေ့ရပါဘူး။ ဘာလို့လဲဆိုတော့ သူ ရွေးချယ်ခဲ့တဲ့အသင်းကြောင့်ပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က