အော်ဘာမီယန်ကတော့ အသင်းဟောင်းအာဆင်နယ်ကို ပြန်ရင်ဆိုင်ရတော့မှာပါ။

အာဆင်နယ်နည်းပြအာတီတာက လာမယ့်တနင်္ဂနွေနေ့မှာ သူတို့အသင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောဆိုခဲ့တဲ့ တိုက်စစ်မှူးဟောင်း အော်ဘာမီယန်ရဲ့ သတိပေးမှုကို ပြန်လည်တုံ့ပြန်မှုတွေပြုလုပ်ရင်းနဲ့ သူ့ရံအသင်းသားတွေကိုပါ သတိပေးတာတွေလုပ်ခဲ့ပါတယ်။ အော်ဘာမီယန်ရဲ့ စွမ်းဆောင်ရည်ကို လျှော့မတွက်ဖို့ အာတီတာက သတိပေးစကားဆိုခဲ့တာပါ။ 

ဒီပွဲမတိုင်ခင်မှာ အော်ဘာမီယန်က "အာဆင်နယ်၊ ပုဂ္ဂိုလ်ရေးဘာမှမရှိတော့ဘူး၊ ငါပြန်လာပြီ၊ ငါက အပြာရောင်ဖြစ်နေပြီ၊ အသင့်ပဲ" လို့ BT Sport ရဲ့ advert တခုမှာ ပြောဆိုခဲ့ပါတယ်။ အော်ဘာမီယန်ကတော့ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်နဲ့ နှစ်အနည်းငယ်ကစားပေးခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့ရာသီက အာတီတာနဲ့အဆင်မပြေမှုတွေရှိခဲ့ပြီး ဘာစီလိုနာကို​ ပြောင်းရွှေ့ခဲ့ကာ ဒီရာသီအစမှာ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ 

အော်ဘာမီယန်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်ပြီး အာတီတာကို မေးမြန်းခဲ့ရာမှာ "ကစားသမားတွေက ဒီလိုလုပ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားတွေပါ၊ သူ့နေရာမှာ ကျနော့်ကစားသမားတွေကို ဘယ်လိုခံစားရလဲမေးရင် ဒီလိုပဲပြောပါလိမ့်မယ်၊ အော်ဘာမီယန်က အရမ်းအန္တရာယ်ကြီးမားတဲ့ ကစားသမားပါ၊ သူ့မှာ တခုခုရှိတယ်ဆိုရင် အဲဒီတခုက ဘောလုံးကို ဂိုးပေါက်ထဲ ထည့်နိင်တဲ့ အရည်အချင်းပါ"

"သူ ဘောလုံးကစားတာ လုံလောက်ပြီလို့ ဆုံးဖြတ်တဲ့နေ့အထိ သူ အဲဒါကို လုပ်နေမှာပါ။ အရင်ဆုံးတော့ ချယ်လ်ဆီးက ဘာလုပ်မလဲဆိုတာကို ကျနော်တို့ ကြည့်ရမှာဖြစ်ပြီး အဲဒါကို ရှောင်လွှဲနိုင်ဖို့ အစီအစဉ်တခု ချမှတ်သွားရမှာပါ" လို့ ပြောဆိုခဲ့ပါတယ်။  အော်ဘာမီယန်ကတော့ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃ ဂိုးရရှိထားပြီး အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်ရင်ဆိုင်ရမှာပါ။ 


အာဆင်နယ်ကတော့ ဒီရာသီမှာ​ ခြေစွမ်းပြကစားနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ လန်ဒန်ဒါဘီပွဲက သူတို့အတွက် ကြီးမားတဲ့စမ်းသပ်မှုတခုဖြစ်လာဖို့လည်း ရှိနေပါတယ်။ 


Share

Loading Next Article...
က္က