ကစားသမား ၅ ဦးလောက်အထိ ရောင်းချခံရနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြအဲရစ်တန်ဟက်ဂျ်ဟာ ဂိုးသမားဒီဂီယာကို အလွတ်ထွက်ခွင့်ပေးခဲ့ပြီးနောက် နောက်ထပ်ကစားသမားအများအပြားကိုလည်း ရောင်းချသွားဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ Mirror ရဲ့ ဖော်ပြချက်အရ အသင်းခေါင်းဆောင်မက်ဂွိုင်းယား၊ တောင်ပံကစားသမား ဆန်ချို၊ ကွင်းလယ်လူဖရက်ဒ်နဲ့ မက်တော်မီနေးတို့ကို တန်ဟက်ဂျ်က ရောင်းချသွားမယ်လို့ သိရတာပါ။ 

မက်ဂွိုင်းယားကတော့ အသင်းမှာ ဆက်ရှိနေမယ်ဆိုရင်တောင်မှ လာမယ့်တပတ်အတွင်းမှာပဲ သူ့ရဲ့ အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးလိမ့်မယ်လို့ သတင်းတွေထွက်နေပါတယ်။ တန်ဟက်ဂျ်က အသင်းခေါင်းဆောင်သစ်ကို ပြန်လည်ရွေးချယ်သွားမှာဖြစ်ပြီး ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ကို ပေးအပ်မယ်လို့ ဖော်ပြနေကြပါတယ်။ ကက်စ်မဲရိုး၊ ဗာရန်းတို့က ဒုတိယနဲ့ တတိယခေါင်းဆောင်တွေ ဖြစ်လာဖွယ် ရှိနေပါတယ်။ 

ဆန်ချို၊ ဖရက်ဒ်နဲ့ မက်တော်မီနေးတို့အတွက် လုံလောက်တဲ့အချိန်ပေးထားခဲ့ပြီးပြီလို့ တန်ဟက်ဂျ်က ယူဆထားကာ ရောင်းချဖို့အတွက်ကို မီးစိမ်းပြလိုက်တာပါ။ ဆန်ချိုကို အသင်းဟောင်းဒေါ့မွန်နဲ့ တ​ော့တင်ဟမ်၊ ဖရက်ဒ်ကို ဖူလ်ဟမ်၊ တော်မီနေးကို ပရီးမီးယားလိဂ်ကလပ်အသင်းတချို့က စိတ်ဝင်စားနေကာ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရရင် ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ 

တန်ဟက်ဂျ်က ဘယ်ကစားသမားကိုမှ အညှာအတာမရှိ လုပ်ဆောင်သွားမှာလို့ ခေါင်းကြီးပိုင်းမှာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ ရော်နယ်ဒို၊ ဒီဂီယာတို့လို ဝါရင့်ကစားသမားတွေကို ပြတ်ပြတ်သားသားပြုလုပ်ခဲ့တဲ့နောက် ယူနိုက်တက်မှာ ဘယ်ကစားသမားအတွက်မှ အာမခံချက်မရှိဘူးဆိုတာကိုလည်း တန်ဟက်ဂျ်က ပြသခဲ့ပြီး အသင်းတွင်း သူ့ရဲ့ ဩဇာလွှမ်းမိုးနိုင်အောင် ပြုလုပ်နေတယ်လို့လည်း သုံးသပ်နေကြပါတယ်။ 


Share

Loading Next Article...
က္က