ရွှေတောင်ကြီး ပြိုလဲသွားသလို ခံစားနေရမှာပါ။

သရုပ်ဆောင် လင်းဇာနည်ဇော်တို့ ညီအစ်မတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးခင်ဇော်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။

Photo : လင်းဇာနည်ဇော် FB

သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ ညီအစ်မတွေက ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဦးခင်ဇော်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ်။ဖခင်ရှိစဉ်က ဖခင်ကို မေတ္တာအပြည့်နဲ့ အမြဲကြည့်ပေးတဲ့ နှလုံးသမားတော်ရှိတဲ့ နှလုံးဌာနမှာ လိုအပ်တာတွေ လှူခဲ့သလို သရုပ်ဆောင် ကစ်ကစ်အတွက်လည်း လိုအပ်တာတွေ အသုံးပြုဖို့အတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Photo : လင်းဇာနည်ဇော် FB

ဖေဖေ့ကိုမေတ္တာနဲ့အမြဲကြည့်ပေးတဲ့ နှလုံးသမားတော်မမနွယ် ရှိတဲ့နှလုံးဌာနမှာ ရေအေးစက်လှု ပြီး- ကျောက်ကပ်ရောဂါခံစားနေရရတဲ့မကစ် ကိုလဲ

လိုအပ်တာသုံးဖို့လှုဒါန်းခဲ့ပါတယ်.။ အဖေ့အတွက် ရည်စူးပြီး လှူတဲ့ အလှူလေးကို ကောင်းရာနေရာကနေ အေးချမ်းစွာ သာဓုခေါ်ပါအဖေ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဒီဇင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : လင်းဇာနည်ဇော် FB

ကွယ်လွန်သွားပြီဖြစ်တဲ့ ဖခင်ကြီး ဒါရိုက်တာ ဦးခင်ဇော်အတွက် အလှူတွေ ဆက်တိုက်လုပ်နေသလို ဖခင်ရဲ့ ခန္ဓာကိုယ်ရှိရာ အုတ်ဂူဆီသို့ သွားရောက်ကာ သန့်ရှင်းရေးများ ပြုလုပ်ပေးနေတာလည်း တွေ့ရပါတယ်။ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ချစ်ချစ်ဇော်၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်ဖြစ်သူ ဒါရိုက်တာကြီး ဦးခင်ဇော်က ဒီဇင်ဘာ(၃) ရက်နေ့ ည(၁၁)နာရီ (၅၅)မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

Photo : လင်းဇာနည်ဇော် FB

ဒီအတွက်ကြောင့်လည်း မိသားစုဝင်တွေသာမက အနုပညာအသိုင်းအဝိုင်းက မိတ်ဆွေ၊ အပေါင်းအသင်းတွေအနေနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။

လက်ရှိမှာ ဒါရိုက်တာကြီး ဦးခင်ဇော်ရဲ့ သားဖြစ်သူ ဒါရိုက်တာ မိုက်တီးကလည်း မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ဂ)နဲ့ အရေးယူခြင်း ခံထားရတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က