ဒီနေ့နဲ့ဆို အဆိုတော်ကြီး သုမောင်ဆုံးတာ (၉)နှစ်ပြည့်သွားခဲ့ပါပြီ။

နှစ်တိုင်းနှစ်တိုင်း ဖခင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေသူပါ။ ဒီနေ့လည်း ဖခင်ကွယ်လွန်တာ (၉)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

Photo : ဖိုးသောကြာ

အဆိုတော် ဖိုးသောကြာဟာ ဖခင်ဖြစ်သူ သုမောင်အတွက် ရည်စူးပြီး အလှူအတန်းတွေ ပြုလုပ်ပေးနေတာ တွေ့ရပါတယ်။

ဖေဖေ့၉နှစ်ပြည့် အလှူအဖြစ် မှော်ဘီမြို့ မဟာဝိဟာရ ကျောင်းမှာ သံဃာတော်အပါး ၁၀၀၀ ကျော်အတွက် လှူဒါန်းကုသိုလ် ပြုခဲ့ပါတယ်” ဆိုပြီး ဖိုးသောကြာရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၁၆) ရက်နေ့က ရေးသားထားပါတယ်။

Photo : ဖိုးသောကြာ

မြန်မာသံစဉ် အဆိုတော်ကြီး ဦးသုမောင် ဆုံးသွားခဲ့တာ ဒီနေ့(မေလ၁၆ရက်)နဲ့ဆိုရင် (၉)နှစ်တိတိပြည့်လို့ သွားလို့ခဲ့ပါတယ်။ သုမောင်ဟာ တစ်ခေတ်တခါက အောင်မြင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်။ မြန်မာသံစဉ် သီချင်းများကို ပိုင်နိုင်စွာ သီဆိုနိုင်သူ ၊ သရုပ်ဆောင် လောကမှာသာမက စာပေလောကမှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့သူတစ်ဦးပါ။

Photo : ဖိုးသောကြာ

ဖိုးသောကြာဟာ ဖခင်အတွက် ရည်စူးပြီး အမြဲလိုလို အလှူအတန်းတွေ ပြုလုပ်ပေးတတ်သူပါ။ ဖိုးသောကြာဟာ မြန်မာသံ တေးသီချင်းပေါင်းများစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ မြန်မာသံ တေးစီးရီးတွေလည်း အများကြီး ထွက်ရှိထားသူပါ။

၂၀၁၉ခုနှစ် ဇန်နီဝါရီ(၁၂) ရက်နေ့က ပြုလုပ်ခဲ့တဲ့ City FM Radio Station ရဲ့ 17 နှစ်ပြည့် Annual Music Award Show ကြီးမှာလည်း ၂၀၁၈ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်း တေးစီးရီးသီဆိုသူ ဆုကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၈ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး မြန်မာသံစဉ်တေးစီးရီး ထုတ်လုပ်သူဆုကို ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က