ထောင်ဒဏ် ၁၀ နှစ် ၆ လ ကျခံထားရပါတယ်။

တရုတ်နိုင်ငံက ဘဏ်တစ်ခုရဲ့ ဆော့ဖ်ဝဲလ်ပညာရှင်တစ်ယောက်ဟာ အလိုအလျောက်ငွေထုတ်စက်မှာ မယုံနိုင်စရာကောင်းတဲ့ လုံခြုံရေးယိုပေါက်ကို တွေ့ရှိခဲ့ပါတယ်။

         ဘေဂျင်းအခြေစိုက် Huaxia Bank နည်းပညာဌာနပိုင်းမှာ မန်နေဂျာဖြစ်ခဲ့သူ Qin Qisheng ဟာ ဘဏ်ရဲ့ ပင်မလုပ်ဆောင်ချက်မှာ ပြဿနာရှိတဲ့ အပိုင်းကို သုံးပြီး ဒေါ်လာ ၁ သန်း (ယွမ် ၇ သန်းကျော်) ဖိုး ငွေတွေ ထုတ်နိုင်ခဲ့တာပါ။ သူ့တွေ့ရှိချက်ကတော့ Huaxia Bank စနစ်ဟာ ညသန်းခေါင်တစ်ဝိုက်မှာဆို ငွေထုတ်တဲ့မှတ်တမ်းကို ရယူထားတာမျိုး မရှိဘူးဆိုတာပါပဲ။

Photo: vietnamfinance

         ဒီတွေ့ရှိမှုကို အခြေခံပြီးသူဟာ ဘဏ်ဝန်ဆောင်မှုသုံးသူတစ်ယောက်ရဲ့ အကောင့်ထဲကနေ ငွေတွေ နည်းနည်းချင်းစီခွဲပြီး ထုတ်ယူခဲ့တယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ငွေထုတ်တဲ့ transaction တစ်ခုလုပ်တိုင်း အသိပေးတာကို တစ်ဘက် user ဆီမှာ တက်ရမှာ ဖြစ်ပေမယ့် သူကတော့ ဒီအသိပေးချက်ကို စနစ်ထဲကနေ ဖယ်ရှားထားတာပါ။ ဒီနည်းနဲ့၂၀၁၆ နိုဝင်ဘာကနေ စပြီး ၂၀၁၈ ဇန်နဝါရီအထိ ငွေတွေကို ထုတ်ယူခဲ့တာ ဖြစ်ပါတယ်။

         သူငွေထုတ်တဲ့အကြိမ်ရေ ၁၃၅၈ ကြိမ်အရောက်မှာတော့ ဘဏ်ဟာ ဒီစနစ်ထဲက ကုဒ်အမှားကိုတွေ့ခဲ့ပြီး သူ့ကို ရဲလက်အပ်ခဲ့တာပါ။ Qin အနေနဲ့သူဟာ ဘဏ်စနစ်ကို စမ်းသပ်ကြည့်တာ ဖြစ်ကြောင်း ပြောပြခဲ့ပြီ သူ့အကောင့်ထဲ သိမ်းထားတဲ့ ငွေတွေကို ပိုင်ရှင်ထံ ပြန်အပ်ခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာကတော့ ဘဏ်က သူ့ရဲ့ ဖြေရှင်းချက်ကို လက်ခံခဲ့ပြီး တရားစွဲမှုကနေ ပယ်ဖျက်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

Photo: Daily Economic News 

         အာဏာပိုင်တွေကတော့ ဒါကို လက်မခံခဲ့ဘဲ သူ့ကို ငွေခိုးမှုနဲ့ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ထောင်ချခဲ့ပါတယ်။ Qin အနေနဲ့တရားရုံးမှာ အယူခံတက်ခဲ့ပေမယ့် နောက်ဆုံးမှာ ထောင်ဒဏ် ၁၀ နှစ်နဲ့၆ လ ကျခံခဲ့ရပါတယ်။ ATM စက်ကနေ ငွေခိုးထုတ်မှုဟာ တစ်ကမ္ဘာလုံးမှာ ပြန့်နှံ့နေတဲ့ ဆိုက်ဘာတိုက်ခိုက်မှု ပြဿနာအဖြစ် ရှိနေပါတယ်။

         ၂၀၁၆ ခုနှစ်က အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှ အစိုးရငွေစုဘဏ် ATM ကနေ ဒေါ်လာ ၃ သိန်း ၆ သောင်း အခိုးခံရသလို ၂၀၁၈ နှစ်ဆန်းပိုင်းကလည်း အမည်မသိဟက်ကာတစ်ဖွဲ့ဟာ အမေရိကန် ATM စက်တွေထဲကနေ ဒေါ်လာ ၁ သန်း ကျော် ခိုးယူသွားခဲ့တဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။

Share

Loading Next Article...
က္က