သော့နဲ့ Password ကိုအသုံးပြုပြီး ငွေထုတ်ယူသွားတာပါ။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်းနဲ့ ၅၃ လမ်းကြားရှိ ကမ္ဘောဇဘဏ်ရဲ့ ATM ငွေထုတ်စက်ထဲကနေ ကျပ်သိန်း (၃၄၀)ကျော် ခိုးယူခံရမှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Photo -Mandalay Police

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီခွဲအချိန်လောက်က ပြစ်မှုကျုးလွန်သူမှာ အဖြူရောင် AD Van မော်တော်ယာဉ်နဲ့ ရောက်လာပြီး အဆိုပါ ATM စက်အနားကို ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ငွေထည့်တဲ့အခန်းကို အနီရောင် သော့ချိတ်ပါသော့နဲ့ ဖွင့်ကာ လျှို့ဝှက်နံပါတ်တွေအသုံးပြုပြီး စက်အတွင်းငွေတွေထုတ်ယူသွားခဲ့တယ်လို့ CCTV မှတ်တမ်းတွေအရသိရပါတယ်။

အဆိုပါ အနီရောင် သော့ချိတ်ကိုင်ဆောင်သူ ကမ္ဘောဇဘဏ်ခွဲ ဒုမန်နေဂျာဖြစ်သူ ထက်မွန်ကျော်ရွှေနဲ့ ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့်တို့ (၂) ဦးကို ခေါ်ယူစစ်ဆေးခဲ့ရာ ထက်မွန်ကျော်ရွှေမှာ ခင်ပွန်းဖြစ်သူကို ATM စက်ရဲ့ သော့နဲ့ Password နံပါတ်များကို ပေးခဲ့တယ်လို့ ထွက်ဆိုပါတယ်။

အောင်ခိုင်စိုးမြင့်ကနေ ဇနီးဖြစ်သူပေးထားတဲ့ သော့နဲ့ Password ကိုအသုံးပြုပြီး ATM စက်အတွင်းမှာ (၃၄၉) သိန်း (၇) သောင်းကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

တရားခံတွေဖြစ်တဲ့ မထက်မွန်ကျော်ရွှေနဲ့ ခင်ပွန်းဖြစ်သူ အောင်ခိုင်စိုးမြင့် တို့ (၂) ယောက်က ထွက်ဆိုချက်တွေအရ ပြစ်မှုကျုးလွန်ရာမှာ အသုံးပြုခဲ့တဲ့ AD Van မော်တော်ယာဉ်၊ သက်သေခံပါဆုံးငွေ (၃၄၉) သိန်း (၇) သောင်းကျပ်နဲ့ အခြားသက်သေခံပစ္စည်းတွေကို နေအိမ်က သိမ်းဆည်းရမိခဲ့ကာ အမှုကို ဆက်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က