သူကိုယ်တိုင်ကလည်း ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာပါ။

ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် အလှူအတန်းတွေ အဆက်မပြတ်ဆောင်ရွက်နေတဲ့ ထူးအယ်လင်းက အခက်အခဲ၊ အတားအဆီးမရှိ အောင်အောင်မြင်မြင် လှူဒါန်းခွင့်ရခဲ့တဲ့ ပီတိကို ဖွင့်ဟပြောပြလာပါတယ်။

Photo: Htoo El Linn

ထူးအယ်လင်းက လက်ရှိမှာ ပရဟိတအလုပ်တွေ ဆက်တိုက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့ ကုသိုလ်အလှူမှာလည်း အတားအဆီး၊ အခက်အခဲမရှိ အောင်အောင်မြင်မြင်လှူနိုင်တန်းနိုင်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြထားပါတယ်။

‘’ဒို့တွေ သွားခဲ့ကြ လှူခဲ့ကြတဲ့နေရာ ရပ်ရွာမှန်သမျှ ဒို့အားလုံးအလှူရှင်များရဲ့ အမျိုးအဆွေ တစ်ယောက်မှမပါကြတာ အလှူရှင်တွေအသိဆုံးမို့လို့ စစ်မှန်သော အတ္တမပါတဲ့ ဒါနအလှူကြောင့် အလှူပြုတဲ့နေရာတိုင်းမှာ အဆင်ပြေ အောင်မြင်ခဲ့ကြတယ်’’လို့ ဆိုပါတယ်။

Photo: Htoo El Linn

အဲဒီနောက် ထူးအယ်လင်းက သူ့ရဲ့ အလှူမှာ ပါဝင်ပေးခဲ့ကြတဲ့ အလှူရှင်တွေကိုလည်း ကျေးဇူးတင်စကား ဆိုခဲ့ပါသေးတယ်။ ကိုယ်ကျိုးစွန့်ပြီး လှူရတန်းရတာကြောင့်လည်း ဝမ်းသာပီတိဖြစ်မိတယ်လို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက် ၁ နာရီ ၂၁ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

‘’ကိုယ့်သက်သာရာ သက်သာကြောင်းကို မနေပဲ ကိုယ်ကျိုးစွန့်လွတ်ပြီး လိုအပ်တာထက်( ပို၍လိုအပ်သော)နေရာဒေသတွေမှာ သွားရောက်လှူဒါန်းလုပ်ကိုင်ကြတဲ့ လုပ်အားဒါန ငွေအားဒါန အဖက်ဖက်က ပံ့ပိုးကူညီလှူဒါန်းကြတဲ့ အလှူရှင် ခုနှစ်ရက်သားသမီး(ရာဟုသားသမီးအပါ) အလှူ့ရှင်အပေါင်းတို့ကို အကြီးရီး ကျေးဇူးတင်ပြီး လေးစားရပါတယ်ဗျာ’’လို့ သူကဆိုပါတယ်။

Photo: Htoo El Linn

ထူးအယ်လင်းဟာ တကယ်လိုအပ်တဲ့ နေရာဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေ လုပ်ခဲ့တဲ့ ပီတိတွေကိုလည်း အခုလို ပြောပြထားပါတယ်။

‘’ပကာသနအလှူမဟုတ်တဲ့အတွက်ကြောင့် ရိုးရှင်းစွာနဲ့ လှူခဲ့ကြတဲ့နေရာတိုင်းမှာ အလှူတစ်ခုပြီးတိုင်း ပီတိတွေနှင့်အတူ ကိုယ့်ရပ်ဌာနေအိမ်အပြန်တိုင်း ပျော်ရွှင်ခဲ့ကြရတယ် ။အတ္တကိုရှေ့တန်းတင်ပြီး စွန့်လည်း မစွန့်လွှတ်နိုင်ပဲပြုလုပ်သော ဘာသာရေး လူမှူရေးတွေက ဘာအကျိုးမှ မရှိဘူး။ ဒါကြောင့် ပကာသနအလှူနှင့်ဒါနအလှူခွဲခြားထားပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Htoo El Linn

ထူးအယ်လင်း(Htoo El Lin)ဟာ လက်ရှိမှာ ဂီတအလုပ်တွေထက် ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံ လုပ်နေသူဖြစ်ပါတယ်။ သူ့အနေနဲ့ မီးဘေးသင့်ဒေသတွေသာမက ရေဘေးသင့်ဒေသတွေ၊ မီးသဂြိုဟ်စက် လိုအပ်တဲ့နေရာတွေ၊ လူနာတင်ယာဉ် လိုအပ်တဲ့နေရာတွေမှာလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က