အနုပညာသက်တမ်း နှစ် ၂၀ ကျော်လာပါပြီ။

နေတိုးက သူ့ရဲ့ အနုပညာသက်တမ်း ၂၀ ကျော်လာပြီဆိုပေမယ့် ပရိသတ်ကို ချစ်တဲ့ အချစ်တွေကတော့ နုပျိုနေတုန်းပါပဲတဲ့။ သူ့ကိုတော့ ပရိသတ်တွေက စွယ်စုံရ မင်းသားတစ်ယောက်လို့တောင် နာမည်ပေးထားကြတာပါ။

Photo: Nay Toe



သရုပ်ဆောင် အကယ်ဒမီ နေတိုးက သူ့ရဲ့ အနုပညာသက်တမ်း ၂၀ ကျော်ကာလအပေါ် ခံစားချက်ကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သူ့ကိုချစ်တဲ့ ပရိသတ်၊ သူက ချစ်ရတဲ့ ပရိသတ်တွေရဲ့ မေတ္တာတွေကတော့ အမြဲတမ်း နုပျိုနေပါသေးတယ်တဲ့။

‘’နှစ်၂၀ဆယ်ကျော်ခဲ့ပါပြီ လူတွေဟာအိုဟောင်းသွားပေမဲ့ ရင်ထဲကမေတ္တာတရားတွေကတော့အမြဲ နုပျိုနေဆဲပါ နေတိုး’’ ဆိုပြီးတော့ ဇွန်လ ၁၆ ရက်နေ့ညနေ ၄ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံများစွာ တို့ကိုလည်း တင်ခဲ့ပါတယ်။ နေတိုးကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကလည်း အနုပညာအလုပ်တွေ စလုပ်ကတည်းကနေ အခုချိန်ထိ ပေးလာတဲ့ ပရိသတ်တွေ များလှပါတယ်။

Photo: Nay Toe

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

Photo: Nay Toe

အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်း နှစ်ပေါင်း ၂၀ အတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ် ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။ သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့် အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။ အဲဒီနောက် သူ့ရဲ့ Speical Make-Up ပညာကလည်း တကယ်ကို ကျွမ်းကျင်လှပါတယ်။ ပြီးတော့ ပုံတူပန်းချီကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ဆွဲနိုင်တဲ့သူတစ်ယောက်ပါ။

Photo: Nay Toe

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က