သင်ဇာဝင့်ကျော်နဲ့ ဓာတ်ပုံတွေအကြောင်းကိုပြောပြလာပါတယ်။

ဟိန်းမင်းသူက သင်ဇာဝင့်ကျော်နဲ့ စုံတွဲဓာတ်ပုံတွေ ထွက်လာတဲ့အပေါ် အဖြစ်မှန်ကို အခုလိုပြောပြလာပါတယ်။ ဒီဓာတ်ပုံမှာလည်း ပရိသတ်တွေကို ပေးချင်တဲ့ မက်ဆေ့ချ်ရှိခဲ့ပါတယ်လို့ ဆိုပါတယ်။

Photo: Mie Mie Lay / Lwin Khant Maung



ဟိန်းမင်းသူဟာ သရုပ်ဆောင် သင်ဇာဝင့်ကျော်နဲ့ ဓာတ်ပုံတွေ တင်လိုက်တဲ့အချိန်ကစပြီး ဝေဖန်မှုတွေ အများကြီးနဲ့ ကြုံခဲ့ရပါတယ်။ ဒါကလည်း သင်ဇာဝင့်ကျော်နဲ့ တိုင်ပင်ပြီးမှ စီစဉ်ခဲ့တဲ့အရာလေးပါလို့ Duwun Media ကိုပြောပြလာပါတယ်။

‘’ကျွန်တော်ကလေ သူတို့ပြောတာတွေ အကုန်လုံးကို လိုက်မပြောတော့ဘူး။ ဒီဓာတ်ပုံရိုက်လိုက်ခြင်းရဲ့ အကြောင်းအရင်းက ပရိသတ်တွေကို မက်ဆေ့ချ်ပေးချင်တယ်။ Couple လေးတွေပေါ့နော် Dating မှာ Snap ပုံလေးတွေ သိပ်မရိုက်ကြဘူး။ နည်းနည်းထူးခြားသွားအောင် မသင်ဇာနဲ့ တိုင်ပင်ပြီးတော့ ရိုက်ဖြစ်လိုက်တာပါ” လို့ သူကဆိုပါတယ်။

Photo:Mie Mie Lay / Lwin Khant Maung

ပရိသတ်တွေ စိတ်ဝင်တစားရှိခဲ့တဲ့ ဟိန်းမင်းသူနဲ့ သင်ဇာဝင့်ကျော်တို့ အလှဓာတ်ပုံလေးတွေထဲမှာ ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ် တွေ ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါကလည်း Couple လေးတွေအတွက်ပါလို့ ဟိန်းမင်းသူက ဇန်နဝါရီလ ၃၁ ရက်နေ့ညက Shake The World ပွဲကို တက်ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

‘’ ဓာတ်ပုံတင်လိုက်တာကလည်း Celebrity Date လိုပဲ Couple လေးတွေလည်း ဒီလိုပုံစံမျိုးလေး ရိုက်လို့ရတယ်ဆိုတာကို မက်ဆေ့ချ်ပေးချင်တာ။ ဓာတ်ပုံတင်တဲ့အပေါ်မှာလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ Entertainment တစ်ခုတော့ ပါနေရမယ်။ ပရိသတ်ဆီမှာ မက်ဆေ့ချ် တစ်ခုခုရစေမယ့် သဘောလေးနဲ့ တင်လိုက်တာပါ’’ လို့ ဆိုပါတယ်။

Photo: Mie Mie Lay / Lwin Khant Maung

ဟိန်းမင်းသူကို သင်ဇာဝင့်ကျော်နဲ့ တွဲနေကြတာလား လို့ မေးခွန်းထုတ်နေကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါ။ အဲဒီနောက် ဝေဖန်ပြောဆိုနေကြသူတွေကလည်း ပိုပြီးတိုးလို့လာပါတယ်။ ဒီအတွက် ဟိန်းမင်းသူ ကိုယ်တိုင်က တုံ့ပြန်စကားပြောလာခဲ့ပါတယ်။

‘’ မုန်းတဲ့သူကလည်း ကျွန်တော့်ကို မုန်းနေမှာပဲ။ ချစ်တဲ့သူကလည်း ချစ်နေမှာပဲ။ အားပေးတဲ့သူတွေကလည်း အားပေးကြမှာပဲ။ ဒါဟာ သူတို့အလုပ် သူတို့ လုပ်နေကြတာ။ ကျွန်တော့်ကို ချစ်တဲ့သူတွေအတွက် ကျွန်တော် ကြိုးစားနေတယ်။ ကျွန်တော်လည်း ကျွန်တော့်အလုပ် ကျွန်တော်လုပ်နေတာဖြစ်တဲ့အတွက် အကုန်လုံးက မျှတပါတယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Mie Mie Lay / Lwin Khant Maung

ဟိန်းမင်းသူကတော့ မိန်းကလေးပရိသတ်တွေအားပေးမှုအများကြီးပိုင်ဆိုင်ထားတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူဟာ ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ "အရိပ်" ဇာတ်လမ်းတွဲမှာလည်း ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။။ နောက်ထပ်လည်း "ပျားရည်အိုင်" ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က