တစ်ပွဲလုံးမှာ အသင်းကစားပုံကို စိတ်တိုင်းမကျဖြစ်နေခဲ့တဲ့ ရော်နယ်ဒိုက ယူနိုက်တက်တို့ အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ အရေးပါတဲ့နိုင်ပွဲကို ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။
အတ္တလန္တာကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေရာကနေ ပြန်လည်အနိုင်ရရှိခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုက မန်ချက်စတာယူနိုက်တက်ကို နောက်တစ်ကြိမ်ကယ်တင်ပေးခဲ့ပြန်ပါတယ်။ ပထမပိုင်းမှာ ဆိုးရွားလွန်းတဲ့ခြေစွမ်း၊ ကစားသမားတွေရဲ့ စိတ်ပျက်စရာကစားပုံတွေကြောင့် ယူနိုက်တက်ဟာ ပြိုင်ဘက်ကို ဘယ်လိုမှ ယှဉ်မကစားနိုင်ခဲ့ဘဲ ဂိုးပြတ်အရေးနိမ့်နေခဲ့ပြီး ဆိုးလ်ရှားတစ်ယောက် မီးခဲခုထိုင်နေရသလိုဖြစ်နေခဲ့ရပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ ချေပဂိုး မက်ဂွိုင်းယားရဲ့ အနိမ့်ဘောအပြင်းကန်သွင်းချက်တွေနဲ့ ချေပဂိုးတွေပြန်ရခဲ့ပြီး ပွဲချိန်နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ရော်နယ်ဒိုက လုခ်ရှောရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက်ဂိုးသွင်းယူကာ ဆိုးလ်ရှားကို ပြုံးပျော်သွားစေခဲ့ပါတယ်။ တစ်ပွဲလုံးမှာ အသင်းကစားပုံကို စိတ်တိုင်းမကျဖြစ်နေခဲ့တဲ့ ရော်နယ်ဒိုက ယူနိုက်တက်တို့ အုပ်စုအဆင့်ကတက်ရောက်နိုင်ဖို့ အရေးပါတဲ့နိုင်ပွဲကို ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။
အတ္တလန္တာကို ဂိုးသွင်းယူနိုင်ခဲ့မှုဟာ ချန်ပီယံလိဂ်မှာ သူ့အတွက် မတူညီတဲ့ကလပ်အသင်း ၃၈ သင်းကို ဂိုးသွင်းနိုင်တဲ့စံချိန်လည်းဖြစ်လာခဲ့ပါတယ်။ မနေ့က ပီအက်စ်ဂျီအတွက် မက်ဆီက လိုက်ဇစ်ကို ဂိုးသွင်းပြီး ရော်နယ်ဒိုနဲ့အတူ မတူညီတဲ့ကလပ်အသင်း ၃၇ သင်းကို ဂိုးသွင်းကာ ပူးတွဲရပ်တည်ခဲ့ပေမယ့် အခုအခါမှာ ရော်နယ်ဒိုက ၁ ပွဲအသာစီး ပြန်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ရော်နယ်ဒိုက "ဒါက အိုးထရက်ဖို့ဒ်၊ ဘယ်တော့မှအရှုံးမပေးဘူး" လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ ဒီသွင်းဂိုးဟာ ရော်နယ်ဒိုအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၆ ဂိုးမြောက်သွင်းဂိုးလည်းဖြစ်လာခဲ့ပါတယ်။