အမ်ဘာပေကို ရွန်းနီကပြောကြားခဲ့တာပါ။

ဒီစီယူနိုက်တက်နည်းပြ ဝိန်းရွန်းနီက အမ်ဘာပေရဲ့ အပြုအမူတခုနဲ့ ပတ်သက်လို့ ဝေဖန်ပြောကြားလိုက်ကြောင်း Breathemessi ဆိုတဲ့ တွစ်တာအကောင့်က ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ နေမာ၊ မက်ဆီတို့အပါအဝင် အသင်းဖော်တွေနဲ့ တင်းမာမှုတွေရှိနေပါတယ်။



အထူးသဖြင့် မောင့်ပယ်လီယာကိုနိုင်တဲ့ပွဲမှာ အမ်ဘာပေက တဂိုးသွင်းနိုင်ခဲ့ပေမယ့် ပင်နယ်တီလွဲချော်ခဲ့သလို တန်ပြန်တိုက်စစ်စတင်ချိန်မှာလည်း သူ့ဆီ ဘောလုံးမပေးဘဲ မက်ဆီကို ဘောလုံးပေးလိုက်လို့ အသင်းဖော် ဗစ်တင်ဟာကို ဒေါသပေါက်ကွဲခဲ့ပါသေးတယ်။ ဒါ့အပြင် အမ်ဘာပေဟာ နေမာနဲ့ ပင်နယ်တီလုကန်ရင်း ပြဿနာတက်ခဲ့ပါသေးတယ်။

ပိုမိုဆိုးရွားတဲ့အချက်ကတော့ အမ်ဘာပေက မက်ဆီကို ကွင်းထဲမှာ ပခုံးချင်းတိုက်သွားခဲ့တာဖြစ်ပြီး တစုံတရာပြန်လည်တောင်းပန်ခဲ့ခြင်းမရှိပါဘူး။ မက်ဆီကတော့ အမ်ဘာပေကို အံ့အားသင့်စွာနဲ့ကြည့်နေခဲ့တာကိုလည်း ရုပ်သံမှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ အမ်ဘာပေရဲ့ ဒီလုပ်ရပ်အပေါ် ရွန်းနီကလည်း အခုလိုပဲ ဝေဖန်လာပါတယ်။

ရွန်းနီက “အသက် (၂၂) နှစ်၊ (၂၃) နှစ်အရွယ် ကစားသမားတယောက်က မက်ဆီကို ပခုံးချင်းတိုက်သွားတယ်တဲ့လား။ ကျနော့်ဘဝမှာ ဒီ့ထက်ပိုပြီး အတ္တကြီးတဲ့လူတယောက်ကို မမြင်ဖူးပါဘူး။ တယောက်ယောက်က အမ်ဘာပေကို ပြောလိုက်ပါဦး။ မက်ဆီက သူ့အသက်အရွယ်မှာ ဘလွန်းဒီအော်ဆု (၄) ကြိမ်လောက်ရပြီးပြီဆိုတာကိုပေါ့” လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။



နေမာနဲ့အမ်ဘာပေတို့ရဲ့ပြဿနာအတွက် အသင်းအားကစားဒါရိုက်တာ ကမ်းပို့စ်၊ နည်းပြ ဂဲလ်တီယာတို့နဲ့အတူ သီးသန့်တွေ့ဆုံဖြေရှင်းခဲ့ပြီး ဒီပြဿနာကပြီးသွားပြီလို့လည်း အမ်ဘာပေရဲ့အမေက ပြောကြားထားပါတယ်။ ဒါပေမယ့် တင်းမာမှုတွေရှိနေသေးတာကတော့ သေချာတဲ့ကိစ္စဖြစ်ပြီး နောက်တခါဒါမျိုးဖြစ်လာခဲ့ရင် လူမြင်ကွင်းမှာမရှင်းဘဲ သီးသန့်ဖြေရှင်းဖို့အတွက်လည်း ပီအက်စ်ဂျီဘက်က နှစ်ယောက်လုံးကို ညွှန်ကြားထားကြောင်း သိရှိရပါတယ်။ 

Share

Loading Next Article...
က္က