ငွေကျပ်သိန်းပေါင်း ၁ဝ၃၈၅၈ ဒသမ ၈ သိန်းတန်ပါတယ်။

လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိတဲ့ ယာဉ်ကိုစစ်ဆေးရာကနေ ကျပ်သိန်းပေါင်း တစ်သိန်း ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေဖမ်းဆီးရမိခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြထားပါတယ်။

Photo - မြန်မာ့အလင်း

ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့ အမှတ် (၁)ရပ်ကွက် ကွန်ဟိန်းတံတား အနီး လမ်းဟောင်းမှာ ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲလောက်က ခြောက်ဘီး ယာဉ်တစ်စီးလမ်းဘေး ဓာတ်တိုင်ကိုဝင်တိုက်ခဲ့ပါတယ်။

အဲ့ဒီခြောက်ဘီးယာဉ်ကို သွားရောက်စစ်ဆေးရာမှာ ယာဉ်ပိုင်ရှင် ဒေါ်ပါစံကို တွေ့ရပြီး ယာဉ်ပေါ်မှာ ပြောင်းဆန်အိတ် ၂၃ အိတ်ထဲမှာ ဖွက်ပြီးသယ်လာတဲ့ ဘိန်းဖြူ ၅၁၉ ဒသမ ၂၉၄ ကီလို ကာလတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁ဝ၃၈၅၈ ဒသမ ၈ သိန်းနဲ့ မူးယစ်ဆေးဝါးများ ချက်လုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေဖမ်းမိခဲ့တယ်လို့ မြန်မာ့အလင်းသတင်းစာမှာဖော်ပြထားပါတယ်။

ဒါကြောင့် အသက် ၆၀ နှစ်အရွယ် ဒေါ်ပါစံနဲ့ ယာဉ်မောင်းဖြစ်သူ စိုင်းပီ တို့ကို ကွန်ဟိန်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က