အကသင်တန်းတွေလည်း တက်ခဲ့ဖူးပါတယ်တဲ့။

နေခြည်ဦးက သူမရဲ့ ကနေတဲ့ ဗီဒီယိုဖိုင်တွေကို Troll နေတာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ သူမဟာ အကနဲ့ ပတ်သက်လာရင် ဝါသနာကြီးသူဖြစ်တာကြောင့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းတွေမှာတောင် ဝင်ကခဲ့ဖူးပါသေးတယ်တဲ့။

Photo: Amazing Grace



နေခြည်ဦးဟာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ Sam Smith သီချင်းနဲ့ ကနေတဲ့ ဗီဒီယိုဖိုင်အကြောင်း ပြောပြလာပါတယ်။ ဗီဒီယိုဖိုင်ကိုလည်း သီချင်းအမျိုးမျိုးနဲ့ Troll နေကြတာကို သူလည်းတွေ့တယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောခဲ့ပါတယ်။

‘’ နေခြည်က Sam Smith ကို အရမ်းကြိုက်တယ်။ Sam Smith ဒီလို မပွင့်လာခင်ကတည်းက နေခြည်က အရမ်းကြိုက်တယ်။ သူ့ကို ယောကျ်ားလေးလိုနေလည် ကြိုက်တယ်၊ မိန်းကလေးလိုနေလည်း ကြိုက်တယ်။ သူအခုနောက်ဆုံးထွက်လာတဲ့ သီချင်းလေးဆိုရင်လည်း အရမ်းကြိုက်တယ်။ အရမ်းကြိုက်လို့လည်း Support လုပ်ပေးတာပါ။ ဒါပေမယ့် ဒီသီချင်းက Sam Smith ပျောက်ပြီးတော့ K-Pop သီချင်းတွေရော၊ တော့ပ်ယူနန်တွေရော အများကြီး ဝင်လာတော့ Sam Smith ပေါက်တယ်လို့ပဲ မြင်ပါတယ်’’လို့ သူကဆိုပါတယ်။ 

Photo: Amazing Grace

နေခြည်ဦးဟာ အနုပညာအလုပ်ကို ရူးသွပ်သူတစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် သရုပ်ဆောင်အလုပ်သာမက အကကိုလည်း ဝါသနာကြီးတဲ့အကြောင်း ပြောပြလာပါတယ်။

‘’နေခြည်က အကကို ဝါသနာအရမ်းပါတယ်။ နေခြည်က ရန်ကုန်မှာ ယူရေနီယံ Dancer ကိုဇေယျာတို့ စသင်ကတည်းက နေခြည်က တက်တာပေါ့နော်။ ကိုစိုင်း သီချင်းတွေမှာတောင် နေခြည် ကဖူးပေးသေးတယ်။ ကိုစိုင်းက နေခြည့်ကိုနောက်တယ်။ မွေးနေ့တွေမှာဆိုရင် သူ့သီချင်းတွေထဲမှာ နေခြည်ကတဲ့ဟာကို အမြဲတမ်း Happy Birthday ဆိုပြီးတော့ ပြန်ပြန်တင်တယ်။ မလုပ်ပါနဲ့ ရှက်လို့ပါလို့ ပြောရတယ်။ အခုတော့ နေခြည် မရှက်တော့ပါဘူး’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Amazing Grace

ဒါကြောင့် နေခြည်ဦးက သူကြိုက်တဲ့ သီချင်းလေးတွေကို ပုံစံ ဆန်းဆန်းလေးနဲ့ အားပေးသွားဖို့ စဉ်းစားနေပါတယ်တဲ့။ သူမရဲ့ အကလေးနဲ့ပေါင်းစပ်ပြီး အောင်မြင်စေချင်တယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က Vivo ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ ကိုယ်ပြည်တွင်းမှာ ကြိုက်တဲ့ သီချင်းက တော်တော်များများရှိတယ်။ အခုမှ စတဲ့ လူငယ်အဆိုတော်တွေဆိုတဲ့ R&B သီချင်းလေးတွေ တော်တော်များများ ကြိုက်တာရှိတယ်။ နေခြည်စဉ်းစားတယ် သူတို့ သီချင်းလေးလည်း နေခြည် လိုက်ကရင် တော်တော်ပေါက်မှာပဲ ဆိုပြီးတော့တွေးမိတယ်။ နောက်ပိုင်းကျရင်တော့ နေခြည်ကြိုက်တဲ့ သီချင်းလေးတွေကို အဲဒီလိုလေးတွေ Promote လုပ်ပေးချင်တယ်။ Share လုပ်လိုက်တာထက် ကိုယ့်ရဲ့ ပုံစံလေးလည်း ပါတော့ သူတို့ရဲ့ သီချင်းလေးတွေကို ပိုပြီးတော့ လူသိမယ်လို့ နေခြည်ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။

သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က