မာရှယ်အတွက် ရပ်ရှ်ဖို့ဒ်က နှုတ်ဆက်စကားပြောကြားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ ဆီဗီလာကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ယူနိုက်တက်အသင်းဖော် မာရှယ်ကို ဆုတောင်းစကား ပြောကြားလိုက်ပါတယ်။ အသက် (၂၆) နှစ်အရွယ် မာရှယ်လ်ဟာ လက်ကျန်ရာသီဝက်အတွက် (၆) လအငှားစာချုပ်နဲ့ ဆီဗီလာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်ပါဘူး။



အဆိုပါပြင်သစ်လူမျိုး တိုက်စစ်ကစားသမားဟာ (၂၀၁၅) မှာ ယူနိုက်တက်ကို စတင်ရောက်ရှိလာခဲ့ပြီး ပရိသတ်တွေကလည်း နောက်ပိုင်းမှာ ရပ်ရှ်ဖို့ဒ်၊ မာရှယ်၊ လင်ဂတ်တို့အတွဲကို အနာဂတ်အတွက် အများကြီးမျှော်လင့်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ သုံးယောက်လုံးက ဘာမှထိထိရောက်ရောက် မဖြစ်ထွန်းခဲ့ပါဘူး။

မာရှယ်ဟာ ပြီးခဲ့တဲ့စနေညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ ရပ်ရှ်ဖို့ဒ်ရဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးအတွက် ကာဗာနီရဲ့ပြေးလမ်းကြောင်းထဲကို ဘောလုံးခင်းပေးခဲ့တာဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာတော့ အခုလိုမျိုးပဲ ယူနိုက်တက်ကနေ အငှားနဲ့ ထွက်ကစားခဲ့တာဖြစ်ပါတယ်။ မာရှယ်အသင်းက ထွက်ခွာခဲ့တာနဲ့ ပတ်သက်လို့ ရပ်ရှ်ဖို့ဒ်က ပထမဆုံး နှုတ်ဆက်စကားပြောတဲ့ ယူနိုက်တက်ကစားသမားလည်းဖြစ်ခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်က သူ့ရဲ့တွစ်တာကတဆင့် “မင်းကံကောင်းပါစေ ငါ့ညီအကိုရေ” လို့ ရေးသားခဲ့တာဖြစ်ပြီး ယူနိုက်တက် ဂန္တဝင်နောက်ခံလူဟောင်း ဖာဒီနန်ကလည်း အခုလို အငှားထွက် ကစားတာက မာရှယ်အတွက် လိုအပ်တဲ့အရာဖြစ်တယ်လို့ သူ့ရဲ့ YouTube ချန်နယ်ကတဆင့် အားပေစကားပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ကလည်း “ဆီဗီလာမှာ ကျောနံပါတ် (၂၂) ကို ဝတ်ဆင်မယ့် မာရှယ်က ပယ်လီစထရီပြီးရင် စပိန် ထိပ်သီးလိဂ်မှာ ကစားမယ့် ဒုတိယမြောက် ယူနိုက်တက် ကစားသမားဖြစ်လာမှာပါ။ ယူနိုက်တက်မှာရှိတဲ့လူတိုင်းက မာရှယ်တယောက် ဆီဗီလာမှာ ကောင်းမွန်တဲ့အချိန်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးပါတယ်” လို့ တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က