မန္တလေးမှာ ဖျော်ဖြေမယ့် ပွဲအတွက်ပါ။

စိုင်းစိုင်းက မန္တလေးမှာ ကျင်းပမယ့် ဖျော်ဖြေပွဲမှာ သူနဲ့အတူ ကပေးနိုင်မယ့် အကအဖွဲ့(သို့မဟုတ်) အကသမားတစ်ယောက်ကို အမြန်ဆုံးလိုအပ်နေပါတယ်တဲ့။ သူနဲ့ အတူ သီချင်း ၃ ပုဒ် ဖျော်ဖြေကပြရမှာဖြစ်ပါတယ်။

Photo: Sai Sai



စိုင်းစိုင်းခမ်းလှိုင်က မန္တလေးမြို့မှာ ဖျော်ဖြေမယ့် Show ပွဲမှာ သူနဲ့အတူ တွဲဖက်ကပြဖျော်ဖြေမယ့် မိန်းကလေးတစ်ဦး(သို့မဟုတ်) ယောကျ်ားလေး တစ်ဦးကို အမြန်ဆုံးအလိုရှိနေတယ်လို့ သိရပါတယ်။ လိုအပ်တဲ့အရည်အချင်းတွေကိုလည်းသူကပြောပြထားပါတယ်။

‘’အလိုရှှိသည်။ SAISAI MANDALAY SHOW တွင် တွဲဖက်ဖျော်ဖြေရန် (၁) အကအဖွဲ့လိုက် (သို့ ) တစ်ဦးချင်း Dancers များ (ကျား/မ )၊ (၂) မိန်းကလေး Dancer (သို့ ) Model နှစ်ဦး ၊ (၃) ပေါင် ၁၈၀ အထက် မိန်းကလေး Dancer နှစ်ဦး။ ဒီ Page တွေရဲ့ Messenger မှာ စက္ကန့် ၃၀ စာ အက Video ကို ဖုန်းနဲ့ရိုက်ပြီး ၂၀ ရက်နေ့ နောက်ဆုံးထားပြီး ပို့ပေးပါ။

https://m.facebook.com/793439417455295 https://www.facebook.com/khine.l.kyaw.9 တစ်ပွဲလုံးစာ အတွက် Back up Dancers တွေ ပါလာမှာဖြစ်ပေမယ့် မြို့ခံ Artist တွေနဲ့ပါ တွဲဖက် ဖျော်ဖြေချင်တဲ့ စိတ်ကူးဖြစ်ပါတယ်’’ဆိုပြီးတော့ မေလ ၁၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Thein Tan Oo

စိုင်းစိုင်းနဲ့အတူ သီချင်း ၃ ပုဒ် စာ ကပြဖျော်ဖြေရမယ်လို့ သိရပါတယ်။ သီချင်းနဲ့ အက လိုက်ဖက်မှု ရှိ၊ မရှိကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ စိုင်းစိုင်းက ပြောပါတယ်။

‘’အဲဒီလို တွဲဖက် ဖျော်ဖြေဖို့ သီချင်း ၃ ပုဒ်ရွေးထားပါတယ်။ အရွေးခံရတဲ့သူက ၂၁/၂၂/၂၃/၂၄ လေးရက် Rehearsal လုပ် အကတိုက်ရပါမယ်။ သီချင်းနဲ့လိုက်ဖက်မှုရှိတာကို အဓိကထားရွေးမှာဖြစ်တဲ့အတွက် ရွးချယ်မှုက Show Director နဲ့ Choreographer ရဲ့ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါတယ်။ Sai Sai Kham Leng #SaiMdy19’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားခဲ့ပါတယ်။

Photo: Amazing Grace

Sai Sai Mandalay Show ပွဲကို မေလ ၂၅ ရက်နေ့ မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုလည်း Sai Sai Birthday Show တုန်းကလိုပဲ ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။ Show ပွဲ လက်မှတ်တွေကိုတော့ OMG , OZONE , 501 , မန်းသီရိ , လှိုင်း , ကြည်ပြာ တို့မှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

Photo: Sai Sai

စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က