ချဲလ်ဆီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ပိုင်း လိုအပ်ချက်ရှိနေခဲ့တာပါ။

အဓိကနောက်ခံလူဇူးမားအနေနဲ့ နည်းပြလမ်းပတ်လက်ထက်မှာ ပွဲထွက်ကစားခွင့်အပြည့်ရရှိနေပေမယ့်လိုအပ်ချက်များကြောင့်ပရိသတ်အချို့ရဲ့ဝေဖန်မှုကိုရင်ဆိုင်နေရသူလည်းဖြစ်ပါ တယ်။

ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေပေမယ့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိနေတဲ့ ချဲလ်ဆီးနောက်ခံလူဇူးမားက အသင်း ရဲ့ အတွင်းရေးအခြေအနေအချို့ကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပွဲစဉ်အချို့မှာ ယုံကြည်မှုပျောက်ဆုံးနေခြင်းများက အသင်းအတွက် ဖိအားဖြစ်စေသလို အလယ်အလတ်အသင်းတွေကိုရင်ဆိုင်ရချိန်မှာ ယုံကြည်မှုဆိုင်ရာအခက် အခဲအချို့ရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုမှုကို thesun က ဖော်ပြလာပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိဘောလုံးရာသီ ရာသီဝက်ပွဲစဉ်တွေအပြီးမှာ ရှုံးပွဲ ရပွဲအထိရှိနေခဲ့ပြီး အိမ်ကွင်းပွဲ စဉ်တွေမှာ ရှုံးပွဲ ၄ပွဲအထိရှိခဲ့ခြင်းက ပရိသတ်တွေအတွက် ဝေဖန်ထောက်ပြစရာဖြစ်နေခဲ့ပြီး နည်းပြလမ်းပတ်က တော့ လိုအပ်တဲ့ကစားသမားသစ်ခေါ်ယူဖို့လိုအပ်နေပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။



“ အသင်းကြီးတွေနဲ့ကစားရတဲ့ပွဲဆိုရင် ရလဒ်ပိုင်းအရ မပြောလိုပေမယ့် နိုင်လိုစိတ်၊ ယုံကြည်မှုကအပြည့်ပါပဲ။ ဒါ ကြောင့် အသင်းရဲ့ပုံစံကောင်းကို မြင်တွေ့ရလေ့ရှိတာပါ။ ဆိုးတဲ့အခြေအနေတစ်ခုက အလယ်အလတ်အ သင်း တွေကိုရင်ဆိုင်ရတဲ့ အချိန်မှာ ယုံကြည်မှုပျောက်ဆုံးနေကြတာတွေက ပြင်ရမယ့်အရာတွေပါ။ အဓိက,ကတော့ ပွဲတိုင်းအာရုံအပြည့်ရှိနေဖို့ပါပဲ ” လို့ ဇူးမားက ဆိုခဲ့တာပါ။

လက်ရှိအမှတ်ပေးဇယားအဆင့်-၄နေရာမှာ ရပ်တည်နေခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ပွဲစဉ် ၁၉မှာ ဆော က်သမ်တန်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပေမယ့် ပွဲစဉ် ၂ဝမှာ အဓိကမြို့ခံပြိုင်ဘက်အာဆင်နယ်အသင်း ကို အနိုင်ရရှိခဲ့တဲ့အတွက် အဆင့် ၅နေရာက မန်ချက်စတာယူနိုက်တက်အသင်းကို ရမှတ်၄မှတ်အထိဖြတ်ထား နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းတွေအရ ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေအနေနဲ့ လိုအပ်ချက်ရှိနေတဲ့ နောက်တန်းနေရာအတွ က် လာမယ့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့စျေးကွက်ကာလအတွင်း ကစားသမားအချို့ကိုခေါ်ယူဖို့ရှိနေ တယ်လို့လည်း ဗြိတိန်မီဒီယာ MIRROR ကလည်း အခိုင်အမာဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

Share

Loading Next Article...
က္က