ဟယ်ရီကိန်းက ရီးရဲလ်ကို ပြောင်းဖို့ သတင်းထွက်နေတာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ ကစားသမားဟောင်းကြီး ဆာဂျီယိုရာမို့စ်က စပါးတိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့်ရမယ့် အခွင့်အရေးကို မငြင်းဆန်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ဘန်ဇီမာနဲ့ လမ်းခွဲခဲ့ပြီးနောက် အထောင်တိုက်စစ်မှူးနေရာအတွက် ဟယ်ရီကိန်းကို အထူးပစ်မှတ်ထားလျက်ရှိပါတယ်။



ဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ရီးရဲလ်မက်ဒရစ်အပြင် ပြည်တွင်းပြိုင်ဘက် ယူနိုက်တက်ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။ ဒါပေမယ့် စပါးဥက္ကဌ လီဗိုင်းက ဟယ်ရီကိန်းကို ရောင်းချလိုခြင်းမရှိသလို ရောင်းချဖြစ်ခဲ့သည့်တိုင် ပြည်တွင်းပြိုင်ဘက်ထက် အင်္ဂလန်ပြင်ပက အသင်းတစ်သင်းကိုသာ ရောင်းချဖို့ စီစဥ်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်အတွက် အခွင့်အရေး ကောင်းနေပါတယ်။

ဟယ်ရီကိန်းကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်ကို သဘောကျနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဥက္ကဌ ပီရက်ဇ်ကလည်း ဟယ်ရီကိန်းရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ရာမို့စ်က “ဘယ်ကစားသမားကိုမဆို ကျွန်တော်‌ ပေးနိုင်တဲ့အကြံကတော့ ရီးရဲလ်မက်ဒရစ်မှာ ကစားခွင့်ရမယ့် အခွင့်အရေးကို မပယ်ချဖို့ပါပဲ။ ဒီအသင်းက ဘယ်လိုအနိုင်ယူရမယ်ဆိုတာကို သိထားတဲ့ ထူးခြားခမ်းနားတဲ့ အသင်းတစ်သင်းပါ”

“ရာမို့စ်က ကြံ့ခိုင်မှုပိုင်းအရ အံ့အားသင့်ဖွယ်ရှိသလို ပရီးမီးယားလိဂ်မှာလည်း သူ့လောက် ဂိုးသွင်းနိုင်တဲ့ ကစားသမား၊ သူ့လို ကြံ့ခိုင်မှုမျိုးနဲ့ ကစားနိုင်တဲ့ ကစားသမားမျိုး မရှိနိုင်ပါဘူး။ နောက်ပြီး သူက နည်းစနစ်ပိုင်းလည်း ကျေညက်ပါတယ်။ ဒါပေမယ့် သူ့အတွက် လုံလောက်တဲ့ ချီးကျူးမှုတွေ မရှိဘူးလို့ ကျွန်တော်ထင်ပါတယ်”

“ဟယ်ရီကိန်းက ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်သလို ထိပ်တန်းကစားသမားတစ်ယောက်ဆိုရင်လည်း ဟုတ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ အင်္ဂလန်၊ စပါးတို့ရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်နေပေမယ့် သူ့ရဲ့ ကစားသမားဘဝတစ်လျှောက်မှာတော့ ဆုဖလား တစ်ကြိမ်တစ်ခါမျှ မရရှိဖူးသေးတာက အပြစ်အနာအဆာတစ်ခုလို ဖြစ်နေပြီး ကစားသမားကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အသင်းပြောင်းဖို့ ဆန္ဒရှိနေပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က