ရော်နယ်ဒို ဘာစားတာလဲဆိုတာ အားလုံးသိချင်နေကြပါတယ်။

ဂါနာနဲ့ပွဲမှာ ရော်နယ်ဒိုတယောက် သူ့ဘောင်းဘီထဲ ထည့်သွင်းသိမ်းဆည်းလာတဲ့ စားစရာတခုခုကို ထုတ်စားခဲ့ပုံက ပရိသတ်တွေကြားမှာ တော်တော်လေး ရေပန်းစားနေပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီသားဟာ ကမ္ဘာ့ဖလားကို အသင်းလက်မဲ့ကစားသမားအဖြစ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ပင်နယ်တီကတဆင့် သွင်းဂိုးတဂိုး ရယူနိုင်ခဲ့ပါတယ်။ 

ပွဲကစားချိန်အတွင်းမှာ ရော်နယ်ဒိုတယောက် သူ့ရဲ့ အတွင်းခံအတွင်း လက်နှိုက်ပြီး စားစရာတခုခုကို ထုတ်ယူစားသုံးခဲ့တဲ့ video clip က တွစ်တာနဲ့ အခြားလူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ ပေါ်တူဂီသားဟာ မုန့်ချပ်လို့ယူဆရတဲ့ အရာတခုကို အချိန်အနည်းငယ်ကြာ နှိုက်ထုတ်နေပြီးတော့ ပါးစပ်အတွင်းထည့်သွင်းဝါးစားခဲ့တာပါ။



ပရိသတ်တွေကတော့ သူ့ရဲ့ ဒီလုပ်ရပ်ကို ရယ်မောနောက်ပြောင်မှုတွေလုပ်ခဲ့ကြပြီး ရော်နယ်ဒို ဘာတွေစားသ​ောက်နေခဲ့တာလဲလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။ တချို့ပရိသတ်ကတော့ ရော်နယ်ဒိုက ချောကလက်ထုတ်စားခဲ့တယ်လို့ ခန့်မှန်းခဲ့ကြပြီး တချို့ကတော့ ခွန်အားဖြည့်တင်းပေးတဲ့အရာတခုခုဖြစ်မယ်လို့ သုံးသပ်ခဲ့ကြကာ ပရိသတ်တွေကြား သို့လောသို့လောတွေဖြစ်နေခဲ့ပါတယ်။ 

အသက်အရွယ်ရလာပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ပွဲချိန်ပြည့်ကစားနိုင်ဖို့ကို အားထုတ်နေရသလို ခြေစွမ်းပြနိုင်ဖို့လည်း ကြိုးစားနေသူဖြစ်ပါတယ်။ ပေါ်တူဂီနည်းပြကတော့ သူ့ကို အသင်းခေါင်းဆောင်အဖြစ်နဲ့ ပွဲထုတ်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်ထက်ဝက်ကျော်လာချိန်မှာတော့ လူစားလဲလှယ်ခဲ့ပြီး အနားပေးခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 


CLEAR Filter ဘောလုံးဂိမ်းကစားပြီး Limited Edition CR7 Signed Golden Bottle ဆုလက်ဆောင်ရယူနိုင်ပါပြီ။ ရော်နယ်ဒိုလို ကျွမ်းကျင်မှုမျိုးပြသပြီး သူ့လက်မှတ်ပါဝင်တဲ့ ဆုလက်ဆောင်ရမယ့် အခွင့်အရေးနော်။ ဂိမ်းကို ပါဝင်ဆော့ကစားဖို့အတွက် ဒီလင့်ခ်လေးကို နှိပ်ပြီး ဝင်ကစားရုံပါပဲ။ 

Share

Loading Next Article...
က္က