မက်ဆီကတော့ ဘလွန်းဒီအော်ဆုပေးပွဲအပြီးမှာ အခုလိုမျိုး ပြောခဲ့တာပါ။

အာဂျင်တီးနားနဲ့ အင်တာမိုင်ယာမီ တိုက်စစ်ကစားသမား မက်ဆီက သူ့ရဲ့ အတွင်းရေးတွေကို ဖွင့်ချခဲ့တဲ့ Streamer အိုင်ဘိုင်နဲ့ ပတ်သက်လို့ ပရိသတ်တွေ သဘောကျအောင် တုံ့ပြန်သွားခဲ့ပါတယ်။ မက်ဆီဟာ (၂၀၂၃) ခုနှစ်ရဲ့ ဘလွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့တဲ့ ကစားသမားပါ။



ဒါဟာ သူ့အတွက် (၈) ကြိမ်မြောက် ဘလွန်းဒီအော်ဆုဖြစ်ခဲ့ပြီး ဘယ်ကစားသမားမှ လိုက်မမီနိုင်အောင် ရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ ဆုပေးပွဲအပြီးမှာတော့ မက်ဆီက သူနဲ့ စကားပြောခဲ့ဖူးတဲ့ Streamer နဲ့ တိုက်ရိုက်စကားပြောခဲ့ပါတယ်။
ဒီလိုမျိုး အွန်လိုင်းကတစ်ဆင့် စကားပြောတဲ့နေရာမှာ မက်ဆီက “အိုင်ဘိုင်ရေ၊ ငါမင်းကို စိတ်ဆိုးတယ်နော်။ ငါတို့အကြား စကားပြောထားတာတွေကို မင်း လူသိရှင်ကြား ဖွင့်ချတာမျိုးကို ငါ မကြိုက်ပါဘူး။ မင်းက ဘာပုဂ္ဂိုလ်ရေး လုံခြုံမှုမှ မထားဘူးပဲ” လို့ ပြောကြားခဲ့ပါတယ်။ အိုင်ဘိုင်ကတော့ “မက်ဆီရေ။ ငါ ဒီပြောထားတာတွေကို ဖုံးကွယ်ထားပြီး မပြခဲ့ဘူးလေ”
“မက်ဆီက “ဒီတော့ ဘာဖြစ်လဲ။ မင်း ဘာမှမပြခဲ့ဘူးပေါ့။ ဒါပေမယ့် ဘာတွေပြောခဲ့တယ်ဆိုတာကို မင်းက အတိအကျ ပြသခဲ့တယ်လေ။ ငါဒါမျိုးကို သဘောမကျပါဘူး။ နောက်တစ်ခါဆိုရင်တော့ ငါဖြေမှာ မဟုတ်ဘူး။ မင်းပြောတာတွေကို ဒီအတိုင်း ဖတ်ပြီး ထားခဲ့မှာ” လို့ ပြောကြားခဲ့ပါတယ်။
အိုင်ဘိုင်ကတော့ “ဒီတော့ မင်း ဘလွန်းဒီအော်ဆုရတဲ့အပေါ် ဘယ်လိုမျိုး ခံစားရလဲ” လို့ မေးမြန်းခဲ့ပါတယ်။ မက်ဆီကတော့ ရယ်မောလျက်ပဲ​“ဘလွန်းဒီအော်လား။ အခု မင်းက ငါတို့ ပြောနေတဲ့အကြောင်းကို ပြောင်းပစ်ပြန်ပြီ။ တကယ့်ကို ခွေးxxားပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က