ဥရောပအခြေစိုက် Counter-Strike: Global Offensive အသင်းတစ်သင်းဖြစ်တဲ့ mousesports ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ညက ကျင်းပခဲ့တဲ့ ICE Challenge ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀ အတွက် ပထမဦးဆုံးသော ဆုဖလားကို ကိုင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဥရောပအခြေစိုက် Counter-Strike: Global Offensive အသင်းတစ်သင်းဖြစ်တဲ့ mousesports ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ညက ကျင်းပခဲ့တဲ့ ICE Challenge ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာကြောင့် ၂၀၂၀ အတွက် ပထမဦးဆုံးသော ဆုဖလားကို ကိုင်မြောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။


mousesports အသင်းဟာ ၂၀၁၉ နှစ်ကုန်ခါနီးမှ အံ့အားသင့်စရာလက်စွမ်းတွေနဲ့ ရလဒ်ကောင်းတွေကို ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပြီး သူတို့အတွက် ၂၀၂၀ ရဲ့ပထမဦးဆုံးပြိုင်ပွဲဖြစ်တဲ့ ICE Challenge ချန်ပီယံဆုကိုပါ ရယူနိုင်ခဲ့တာကြောင့် အဲဒီလက်စွမ်းကို ဒီဘက်နှစ်အထိသယ်ဆောင်လာနိုင်ခဲ့တယ်လို့ဆိုရမှာပါ။




ICE Challenge ပြိုင်ပွဲမှာ ဖိတ်ခေါ်အသင်း ၈ သင်းတို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ mousesports အသင်းက ပြိုင်ဘက် Natus Vincere အသင်းကို 3-1 ရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် ချန်ပီယံဖြစ်လာခဲ့ပါတယ်။

ICE Challenge ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၆ ရက်နေ့အထိ လန်ဒန်မြို့မှာကျင်းပခဲ့ပါတယ်။ ဖိတ်ခေါ်ထားတဲ့ Virtus.Pro, Heroic, Natus Vincere, Ence, GODSENT, mousesports, MAD Lions, OG အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်းဆုကြေးငွေ ဒေါ်လာ ၂၅၀၀၀၀ ကိုချီးမြှင့်ခဲ့ပါတယ်။


ပါဝင်ယှဉ်ပြိုင်တဲ့အသင်းတွေထဲမှာ Heroic နဲ့ ENCE တို့ကတော့ အုပ်စုအဆင့်ကိုမကျော်ဖြတ်နိုင်ခဲ့တာကြောင့် 7th-8th နေရာကိုသာရရှိခဲ့ပြီး OG နဲ့ Virtus.Pro အသင်းတို့ကတော့ Playoff ပထမဦးဆုံးအဆင့်မှာတင် ရှုံးနိမ့်ခဲ့တာကြောင့် 5th-6th နေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။


ဒီပြိုင်ပွဲရဲ့ ထိပ်ဆုံး ၄ သင်းကတော့ mousesports, MAD Lions, Natus Vincere, GODSENT တို့ဖြစ်ပြီး အားလုံးသိတဲ့အတိုင်းပဲ mousesports နဲ့ Natus Vincere အသင်းတို့က ဗိုလ်လုပွဲကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲရဲ့ ချန်ပီယံအသင်း mousesports က ဆုကြေးငွေ ဒေါ်လာ ၁၂၅၀၀၀၊ ဒုတိယရရှိခဲ့တဲ့ Natus Vincere အသင်းက ဒေါ်လာ ၅၀၀၀၀၊ 3rd-4th ရရှိခဲ့တဲ့ MAD Lions နဲ့ GODSENT အသင်းတို့က ဒေါ်လာ ၂၅၀၀၀ စီ အသီးသီးရရှိခဲ့ပါတယ်။

mousesports အသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ထားတဲ့ ပြိုင်ပွဲ ၅ ပွဲမှာ ၄ ပွဲတိတိ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ကျန်တစ်ပွဲမှာလည်း ဒုတိယဆုကို ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ လောလောဆယ်မှာတော့ HLTV ကသတ်မှတ်တဲ့ ကမ္ဘာ့အကောင်းဆုံး CS:GO အသင်းစာရင်းမှာ နံပါတ် ၂ နေရာကို ရယူထားနိုင်ပြီး သူ့အပေါ်မှာ Astralis တစ်သင်းပဲကျန်ရှိပါတော့တယ်။ mousesports အသင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်ကျင်းပမယ့် IEM XIV: World Championship ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သွားဦးမှာဖြစ်ပြီး အခုလိုရလဒ်တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို စောင့်ကြည်ရဦးမှာပဲဖြစ်ပါတယ်။


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

က္က