အူဘာမီယန်ကို ဘာစီလိုနာအသင်းက ခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ဒေါ့မွန်အသင်းကနေ ပြောင်းလာခဲ့ပြီးတဲ့နောက်ပိုင်း အာဆင်နယ်အသင်းရဲ့အဓိကတိုက်စစ်မှူးဖြစ်လာခဲ့တဲ့ အူ ဘာမီယန်အနေနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီ အသင်းကနေထွက်ခွာဖို့ရှိ နေခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သူ အူဘာမီယန်ကို အသင်းမှာဆက်ရှိနေဖို့အတွက် ညှိနှိုင်းဆွေးနွေးမှုအချို့ပြုလုပ်ခဲ့ပေမယ့် အဆင်မပြေမှုများရှိ်လာခဲ့ခြင်းကြောင့် ရာသီကုန်မှာသေချာပေါက်နီးပါး လက်လွှတ်ရဖို့ရှိိနေတယ်လို့ thesun ရဲ့ဖော်ပြချက်အရ သိရပါတယ်။

ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်ပိုင်း အာဆင်နယ်အသင်းရဲ့ အဓိက,ကစားသမားတစ်ဦးအဖြ စ် ခြေစွမ်းပြခဲ့တဲ့ အူဘာမီယန်ဟာ ၃နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ ၉၆ပွဲကစားပြီး သွင်းဂိုး ၆၁ဂိုးအထိရရှိထားခဲ့ သူလည်းဖြစ်ပါတယ်။



အစောပိုင်းကာလတွင် အာဆင်နယ်အသင်းအားကစားဒါရိုက်တာအီဒူးအနေနဲ့ အူဘာမီယန်ကိုသီးသန့်ဆွေးနွေး မှုအချို့ပြုလုပ်ခဲ့သော်လည်း ကစားသမားဖြစ်သူကိုယ်တိုင်က အသင်းကနေထွက်ခွာလိုနေတဲ့ဆန္ဒကြောင့် ညှိနှို င်းမှုအဆင်မပြေဖြစ်ခဲ့တာဖြစ်တယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

၂၀၂၀-၂၁ ဘောလုံးရာသီကုန်ဆုံးချိန်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ အူဘာမီယန်အနေနဲ့ လက်ရှိမှာ လစာခံစားခွင့်အဖြစ် တစ်ပတ်ပေါင်၂သိန်းအထိရရှိနေခဲ့ပေမယ့် ကစားသမားဘဝနောက်ဆုံးချိန်မတိုင်မီအောင် မြင်မှုများစွာထပ်ပြီးရရှိရေးအတွက် အသင်းပြောင်းလိုနေခဲ့တာလည်းဖြစ်ပါတယ်။

ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့အာဆင်နယ်အသင်းရဲ့ အတည်ပြုချက်တွင် ကစားသမားဖြစ်သူအနေနဲ့ ရာသီကုန်မှာ အသင်းက ထွက်ခွာဖို့သေချာနေပြီဖြစ်ပြီး ခေါ်ယူလိုတဲ့အသင်းများအနေဖြင့် ပြောင်းရွှေ့ကြေးပေါင်သန်း ၅ဝပေး ချေရမယ်လို့ စျေးနှုန်းသတ်မှတ်ခဲ့ပြီလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က