အာဆင်နယ်ကတော့ သူတို့တိုက်စစ်မှူးကို အသင်းမှာဆက်ကိုမထားချင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်တိုက်စစ်မှူးအော်ဘာမီယန်ဟာ ဘာစီလိုနာအသင်းကို နောက်ဆုံးမှာ အငှားနဲ့ပြောင်းရွှေ့သွားခဲ့ပြီလို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလိုက်ပါတယ်။ အခုမနက်အစောပိုင်းမှာပဲ ကလပ်နဲ့ ကစားသမားကြား စာချုပ်လက်မှတ်ရေးထိုးခဲ့ာကပြီး အပြီးသတ်ကြေညာမှုကိုတော့ နာရီအနည်းငယ်အတွင်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ 

ဆေးစစ်မှုတွေလည်းပြုလုပ်ခဲ့ပြီးဖြစ်ကာ စာရွက်စာတမ်းကိစ္စတွေကို စီစဉ်ပြီးပြီလို့လည်း သိရပါတယ်။ ဒီအပြောင်းအရွှေ့မှာတော့ အာဆင်နယ်က ကစားသမားကို အသင်းကနေသာ ထွက်ခွာစေချင်တဲ့ ဆန္ဒရှိနေခဲ့ပြီး ငွေကြေးတပြားတချပ်မှတောင် မပေးချင်ခဲ့ဘူးလို့လည်း သူက ရေးသားခဲ့ပါတယ်။ ဆိုလိုတာကတော့ ဘာစီလိုနာက အော်ဘာမီယန်အတွက် လစာငွေကို အပြည့်အ၀ပေးချေသွားရမှာပဲဖြစ်ပါတယ်။ 

ဂါဘွန်တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ်နဲ့ ခန့်အပ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ စည်းကမ်းမလိုက်နာမှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအခြေအနေတွေကြောင့် အသင်းကနေ အနားပေးခံခဲ့ရပါတယ်။ အာဆင်နယ်အတွက် သူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ကစားခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ ၅ မိနစ်ကြာပါဝင်ကစားပေးခဲ့တာက နောက်ဆုံးသောပွဲစဉ်လည်းဖြစ်ခဲ့ပါတယ်။ 

အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၅ ပွဲသာကစားပေးခဲ့ပြီး ၇ ဂိုးသွင်းယူကာ ၂ကြိမ်ဖန်တီးနိုင်ခဲ့ပါတယ်။ အခုတော့ သူက စပိန်ထိပ်သီးဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပြီဖြစ်ကာ အာဆင်နယ်ကစားသမားဘ၀ကို အဆုံးသတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာတီတာကတော့ အော်ဘာမီယန်ကို အသင်းနဲ့တောင် အတူလေ့ကျင့်မှုမလုပ်စေခဲ့တော့ဘဲ တဦးတည်းသာ လေ့ကျင့်စေခဲ့ပါတယ်။ 

Share

Loading Next Article...
က္က