မြောက်လန်ဒန်မှာ အနာဂတ်မရေရာတော့သူပါ။

အာဆင်နယ်အသင်းရဲ့အသင်းခေါင်းဆောင်သစ်ကို အတည်မပြုရသေးပေမယ့်လည်း အူဘာမီယန်းရဲ့ အမ်းမရိတ်စ်က အနာဂတ်ဟာ မရေရာ မသေချာ ဖြစ်နေပြီဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက အမ်းမရိတ်စ်မှာ ဝက်စ်ဟမ်းအသင်းကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မာတီနယ်လီ၊ စမစ် ရိုးတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်းလူစာရင်းမှာ စည်းကမ်းချိုးဖောက်မှုကြောင့် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ အူဘာမီယန်း ပါဝင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။



အဲဒါကြောင့် ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးအနေနဲ့ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့ပြုလုပ်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာစေခဲ့ပြီး အာဆင်နယ်အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဆုံးရှုံးခဲ့ရတဲ့ ရော်ဘင် ဗန်ပါစီအတွက် ယူနိုက်တက်တို့ရဲ့ ဗန်ပါစီကို နောက်ဆုံးမှာတော့ ပြန်လည်ရရှိဖွယ် ရှိလာပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နောက်ဆုံးမှာတော့ ၎င်းတို့ဆီကနေ ရော်ဘင် ဗန်ပါစီကို လုယူသွားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်မှုအဖြစ်နဲ့ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းဆီကနေ တစ်စုံတစ်ခုကို ပြန်လည်ရရှိတော့မှာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပြီး ဘာကြောင့်လဲဆိုရင် အာဆင်နယ်က လာမယ့်ဇန်နဝါရီလမှာ ယူနိုက်တက်လူငယ်တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့လို့ ဖြစ်ပါတယ်။

စပိန်သတင်းဌာန El Nacional ရဲ့ ဖော်ပြချက်အရ ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့်နေရာမှာ နောက်ရောက်သွားခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ နေရတဲ့ဘဝကို စိတ်ပျက်လာနေခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဂရင်းဝုဒ်အနေနဲ့ လန်ဒန်ကို အပြောင်းအရွှေ့ပြုလုပ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ဖွယ်ရှိတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပြီး အာဆင်နယ်အသင်းဟာ ယခုရာသီကုန်မှာ လာကာဇက်ကို အလွတ်နဲ့ ထွက်ခွာခွင့်ပေးရတော့မှာဖြစ်တာကြောင့် ဇန်နဝါရီလမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူသွားဖို့ ကြိုးပမ်းသွားတော့မှာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ အသင်းမှာ အနာဂတ် မရေရာတော့တဲ့ အူဘာမီယန်းနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဗန်ပါစီဖြစ်တဲ့ မေဆန် ဂရင်းဝုဒ်တို့ကို တိုက်ရိုက်အလဲအထပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားမလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

Share

က္က