ဆီးရီးယားရှိ အိုင်အက်စ်ရဲ့ နောက်ဆုံးနယ်မြေကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ အိုင်အက်စ်အုပ်စုရဲ့ ငါးနှစ်ကြာ နယ်မြေသိမ်းပိုက် အုပ်ချုပ်ထားခဲ့မှု အဆုံးသတ်သွားခဲ့ပြီလို့ အမေရိကန် ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (Syrian Democratic Forces - SDF) က ယနေ့ (မတ်လ ၂၃ ရက်) ကြေညာလိုက်ပါတယ်။

(Baghzu မှာ SDF အလံ လွှင့်ထူခဲ့စဉ်) (Photo: AFP)

ဆီးရီးယားမှာ အိုင်အက်စ် (Islamic State) တို့ အခိုင်အမာ ထိန်းချုပ်ထားတဲ့ နောက်ဆုံးနေရာ Baghuz မြို့ငယ်ကို SDF တိုက်ခိုက်ရေးသမားတွေက သိမ်းပိုက်နိုင်ခဲ့ပြီး အောင်ပွဲရအလံ လွှင့်ထူလိုက်ပြီလို့ ဆိုပါတယ်။

'အိုင်အက်စ်တို့ကို အပြည့်အဝ ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပါပြီ၊ Baghuz လွတ်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်၊ အီရတ်နဲ့ဆီးရီးယားမှာ အိုက်အက်စ်အုပ်စုကို စစ်ရေးအောင်ပွဲရခဲ့ပြီ' လို့ SDF မီဒီယာအဖွဲ့ခေါင်းဆောင် မူစတာဖာ ဘာလီက Twitter မှာ ရေးသားထားကြောင်း Reuters က ဖော်ပြပါတယ်။

(Baghuz မှာ တိုက်ပွဲများဖြစ်ပွားခဲ့မှု မြင်ကွင်းတစ်ခု) (Photo: Reuters)

အီရတ်နဲ့ နယ်စပ်ဒေသရှိ Baghuz ကို အိုင်အက်စ်အုပ်စုထံမှ သိမ်းပိုက်နိုင်ရန် SDF တိုက်ခိုက်ရေးသမားတွေက ရက်သတ္တပတ်ကြာ တိုက်ပွဲဆင်နွှဲခဲ့ကြောင်းလည်း သိရပါတယ်။ အိုင်အက်စ်အုပ်စုက ဆီးရီးယားနဲ့ အီရတ်မှာ အကျယ်အဝန်း စတုရန်းမိုင် ၃၄,၀၀၀ ရှိ နယ်မြေတွေကို သိမ်းပိုက်အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ 

(အိုင်အက်စ်ထိန်းချုပ်နယ်မြေများ လက်လွှတ်ခဲ့ရမှု မြေပုံဖော်ပြချက်)

အိုင်အက်စ်တို့က အီရတ်နဲ့ဆီးရီးယားမှာ ၎င်းတို့ ပိုင်နက်နယ်မြေများ လက်လွှတ်ဆုံးရှုံးလာခဲ့ရပေမဲ့ ကမ္ဘာတစ်ဝှမ်း အဓိက ခြိမ်းခြောက်မှုဖြစ်နေဆဲလို့ ယူဆရပါတယ်။ အိုင်အက်စ်နဲ့ ၎င်းတို့နဲ့ ပူးပေါင်းထားတဲ့ အုပ်စုတွေက နိုင်ဂျီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်နဲ့ ဖိလစ်ပိုင်ကဲ့သို့ နိုင်ငံတွေမှာ ခြေကုပ်ရယူမှုတွေ ရှိနေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က