အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်ဆီးခံရတဲ့ မြန်ဆန်တွေက လွန်ခဲ့တဲ့ (၈)လလောက်က တင်ပို့ထားတာဖြစ်ပြီး သင်္ဘောပေါ်မှာ မိုးမိတဲ့ဒဏ်တွေကြောင့် ဆန်အရည်အသွေးမမီဘဲ ဖျက်စီးခံရတာလည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
Photo - CNR
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ မြန်မာနိုင်ငံက တင်ပို့တဲ့ဆန်တွေဟာ အန္တရာယ်ရှိတဲ့ စားသောက်ကုန်တွေဖြစ်တယ်ဆိုပြီး အိုင်ဗရီကို့စ်နိုင်ငံမှာ ဖျက်စီးခံလိုက်ရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ စုံစမ်းမှုတွေပြုလုပ်နေတယ်လို့လည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက တင်ပို့လာတဲ့ ဆန်တန်ချိန်ပေါင်းများစွာကို အန္တရာယ်ရှိတဲ့ စားသောင်ကုန်အနေနဲ့ ဖျက်စီးလိုက်တယ်လို့ BBC အာဖရိကကို အိုင်ဗရီကို့စ်အာဏာပိုင်တွေက ပြောပါတယ်။
မူရင်း သတင်းတင်ပြတဲ့ BBC သတင်းထောက်နှင့်ထပ်ဆင့် တင်ပြတဲ့ African News Agency တို့ကိုဆန်စပါးအသင်းချုပ်က ဆက်သွယ်နေသလို အဆိုပါသင်္ဘောအတွက်ဆန်ရောင်းပေးသည့် ပြည်တွင်းကုမ္ပဏီတွေကိုလည်း စုံစမ်းနေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးရဲမင်းအောင်က သူ့ရဲ့လူမှုကွန်ရက်ဖေ့ဘုတ်စ်စာမျက်နှာပေါ်မှာရေးသားထားပါတယ်။
လက်ရှိမှာတော့ တာဝန်ရှိသူတွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေပီး အကြောင်းအရင်းအတိအကျသိရပါကလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ဖွယ်လည်းရှိနေပါတယ်။