Like 10K နဲ့ Comment 40 K တို့နဲ့ စိန်ခေါ်ခဲ့တာပါ။

စိုးပြည့်သဇင်က ပရိသတ်ကို ကတိပေးထားတဲ့အတိုင်း အိုးမဲသုတ်ထားတဲ့ မျက်နှာကို ပရိသတ်ကို ပြသလိုက်ရပါပြီ

Photo: Soe Pyae Thazin

စိုးပြည့်သဇင်တစ်ယောက် ပရိသတ်ကို Challenge လုပ်ထားတဲ့အတိုင်း မျက်နှာကို အိုးမဲသုတ်ပြခဲ့ရပါတယ်။ ဒီအတွက်လည်း ပါဝင်ကူညီခဲ့ကြသူတွေကို အကယ်ဒမီရတုန်းက ကျေးဇူးတင်စကားထက်ပိုပြီး ပြောပြလာတာကို တွေ့ရပါတယ်။

‘’၂၄ နာရီလို့ပြောထားပေမဲ့ မေတ္တာစေတနာတွေထားပြီး like 10k ကျော်အောင် comments 40k ေကျာ်အောင်ကြိုးစားပေးကြတာ ကျေးဇူးနော်။ မေတ္တာတရားရှေ့ထားပြီး ရှဲပေးကြသူတွေလည်း ကျေးဇူးဘဲ။ မန့်တွေမပြည့်မှာစိုးလို့ အဖက်ဖက်က ကူညီပံ့ပိုးပေးကြပါသော လူရင်းများရော၊ ဖန်အရင်းခေါက်ခေါက်များရော၊ မန်းရှင်းအပြုံလိုက်ခေါ် မန့်ပေးရှာသော ပရိသတ်များ၊ လမ်းကြုံမန့်သွားရှာသော ကူညီတတ်သူ ကျေးဇူးရှင်အပေါင်းကိုလည်း ကျေးဇူးတင်ပါတယ်နော်။ အကယ်ဒမီရတုန်းကတောင် ကျေးဇူးတင်စကား ဒီလောက်မပြောလိုက်ရဘူး’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီ ၁၆ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်က ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၄ မိနစ်မှာ အိုးမဲသုတ် Challenge ခေါ်ကြတဲ့ ပြည်ပက ပို့စ်တစ်ခုကို Share ကာ ‘’ 24 နာရီအတွင်း like 10k Comment 40k ‘’ လို့ ရေးသားပြီး Challenge ခေါ်လိုက်တာပါ စိုးပြည့်ရဲ့ပို့စ်က ၂၂ နာရီအတွင်းမှာ Like – 11K, Comment – 41K ရှိသွားတဲ့အတွက် စိုးပြည့်က ပေးထားတဲ့ ကတိအတိုင်း မျက်နှာကို အိုးမဲသုတ်ပြလိုက်ရတာ ဖြစ်ပါတယ်။


အသက်(၂၅)နှစ်ရှိ အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်မှာ "မိုးညအိပ်မက်ဖြူ" ရုပ်ရှင်ကားနဲ့ အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က ကျောင်းပညာရေးကို ဦးစားပေးနေရတာကြောင့် ဂီတအလုပ်တွေနဲ့ ပတ်သက်ပြီး အနည်းငယ် လျော့နည်းခဲ့တာကို တွေ့ရပါတယ်. အခုချိန်မှာတော့ ကျောင်းစာမေးပွဲလည်း ဖြေဆိုပြီးခဲ့ပြီဖြစ်လို့ ဂီတအလုပ်တွေပြန်လုပ်နေပြီဖြစ်ပါတယ်. မကြာခင်မှာလည်း သူ့ရဲ့ သီချင်းအသစ်လေးကို ပရိသတ်တွေ နားဆင်ရဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က