Sky Sports ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်၊ ကွင်းလယ်ကစားသမား (၂)ဦးဖြစ်တဲ့ အန်ဒါဟာရဲရား နဲ့ နီမန်ဂျာမာတစ်တို့ဟာ ဒဏ်ရာတွေကနေ ကိုယ်စီပြန်လည်သက်သာလာခဲ့ပြီး အဆိုပါပွဲကို ပါဝင်ကစားနိုင်မယ့် အခွင့်အရေးရှိတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့ ည (၁၁း၀၀) နာရီမှာ ကစားသွားရမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အားထားရတဲ့ ကစားသမား (၃)ဦးဟာ ဒဏ်ရာပြသနာကနေ ပြန်လည်သက်သာလာခဲ့ပြီး ပါဝင်ကစားနိုင်ဖွယ် ရှိတယ်လို့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အတည်ပြုပြောဆိုသွားခဲ့ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်တိုက်စစ်မှူး အန်သိုနီမာရှယ်၊ ကွင်းလယ်ကစားသမား (၂)ဦးဖြစ်တဲ့ အန်ဒါဟာရဲရား နဲ့ နီမန်ဂျာမာတစ်တို့ဟာ ဒဏ်ရာတွေကနေ ကိုယ်စီပြန်လည်သက်သာလာခဲ့ပြီး အဆိုပါပွဲကို ပါဝင်ကစားနိုင်မယ့် အခွင့်အရေးရှိတယ်လို့ သိရပြီး ဒါဟာ ယူနိုက်တက်အတွက်တော့ သတင်းကောင်းတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ကွာဟချက်သိပ်မများပြားပဲ အကြိတ်အနယ်ယှဉ်ပြိုင်နေရတဲ့ အသင်းနှစ်သင်းအတွက် ခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားသွားရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အဓိကကစားသမားတွေ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့လို့ ဆိုးလ်ရှားအတွက် လူရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုမိုများပြားသွားခဲ့ပြီး ဒီသတင်းဟာ အာဆင်နယ်အတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်လာခဲ့ပါတယ်။
အာဆင်နယ် နဲ့ ယူနိုက်တက်တို့ဟာ ရမှတ် (၁)မှတ်သာ ကွာဟနေတာဖြစ်ပြီး ဒီပွဲမှာ အသာစီးရရှိသွားတဲ့ အသင်းက အဆင့်(၄)နေရာကို တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ စုစုပေါင်း နှစ်ကြိမ်တွေ့ဆုံထားပြီးတော့ ပရီးမီးယားလိဂ်ပွဲအဖြစ် ယူနိုက်တက်ကွင်းမှာ ကစားခဲ့ကာ (၂)ဂိုးစီ သရေကျခဲ့ပြီး အက်ဖ်အေဖလားပွဲအဖြစ် အာဆင်နယ်ကွင်းမှာကစားခဲ့တုန်းကတေ့ာ ယူနိုက်တက်က (၃-၁)နဲ့ အနိုင်ရရှိထားခဲ့ပါတယ်။