အသင်းခေါင်းဆောင်ရာထူးက လျော့ချခံထားရပြီး ဖြစ်ပါတယ်။

ဒီကနေ့ညမှာ ကစားမယ့် ယူရိုပါလိဂ်ပွဲမှာလည်း ပါဝင်လာခြင်းမရှိပဲ ဆက်လက် ချန်လှပ်ထားခြင်းခံခဲ့ရပြန်ပါ တယ်။

ပရိသတ်နဲ့ အချင်းများခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ဇာခါကို အာဆင်နယ်အသင်းက အသင်းခေါင်း ဆောင်ရာထူးက ဖယ်ရှားလိုက်သလို အခုအခါ လာမယ့် အပြောင်းအရွှေ့မှာ ရောင်းထုတ်တော့မယ်လို့တောင် သတင်းထွက်ပေါ်လာခဲ့ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



ဇာခါအနေနဲ့ အသင်းကို နောက်ထပ် ဦးဆောင်နိုင်တော့မှာ မဟုတ်တဲ့အကြောင်း အာဆင်နယ် အသင်း နည်းပြ အူနိင်း အမ်မရီကိုယ်တိုင်က ထုတ်ဖော်ပြောလာခဲ့တာပါ။

ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ လူစားလဲခံရချိန် ပရိသတ်နဲ့ အချင်းများခဲ့ပြီး ပရိသတ်ကို ရိုင်းပြတဲ့ အပြောအဆိုနဲ့ အပြုအမူ တွေပြုမူခဲ့တာလည်း ဖြစ်ပါတယ်။



နည်းပြကတော့ ကစားသမားရဲ့ အပြုအမူအတွက် ချက်ခြင်းဆိုသလို ပရိသတ်ကို ကြားထဲက တောင်းပန်ပေးခဲ့ပေ မယ့်လည်း ဇာခါကတော့ နောက်တစ်ပတ် ပွဲမပါလာတော့တဲ့အထိ စောင့်ပြီးမှ ပရိသတ်ကို ပြန်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ နည်းပြ အမ်မရီက ဇာခါကို အသင်းရဲ့ အနာဂတ်မှာ ဆက်ရှိဖို့ သေချာတဲ့ စကားမပြောပေးနိုင် တော့ဘူးလို့ Mirror သတင်းဌာနကဖော်ပြလာပါတယ်။

ဇာခါမပါဝင်ခဲ့တဲ့ ဝုလ်နဲ့ပွဲမှာ အာဆင်နယ်အသင်းကို အသင်းခေါင်းဆောင်အဖြစ် တိုက်စစ်မှူး အူဘာမီ ယန်းက တာဝန်ယူခဲ့ပြီး အနာဂတ်အာဆင်နယ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်သူအဖြစ် ထိပ်ဆုံးက ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က