အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာကို အံ့အားသင့်ဖွယ် ရောက်ရှိလာတာကြောင့် ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ဒီဇင်ဘာလကုန်မှာ အယ်လ်နက်ဆာအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီလိုက်ပြီလို့ အတည်ပြုခဲ့တာဖြစ်ပြီး ဘလွန်ဒေါ ၅ ဆုရှင်ဟာ ပြီးခဲ့တဲ့အပတ်မှာ ဆော်ဒီ အာရေဗျကလပ်အသင်းရဲ့ တရားဝင်ထုတ်ဖော်မိတ်ဆက်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ စပိန်သတင်းဌာန Mundo Deportivo ရဲ့ဖော်ပြချက်အရ အယ်လ်နက်ဆာအသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သိရပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ အမေရိကန်ဒေါ်လာ ပေါင်သန်း ၃၀၀ ထက် မနည်းတဲ့ ကြီးမားတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဆော်ဒီ အာရေဗျနဲ့ ဆက်ဆံရေးရှိထားပြီသားဖြစ်တာကြောင့် အယ်လ် ဟီလာလ်အသင်းရဲ့ ကမ်းလှမ်းမှုက အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးကို အရှေ့အလယ်ပိုင်း ပြောင်းရွှေ့ချင်လာအောင် ဆွဲဆောင်နိုင်ဖို့ အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။ 

မက်ဆီဟာ လက်ရှိမှာ ဆော်ဒီ အာရေဗျရဲ့ ခရီးသွားလာရေး သံတမန်အဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ဆော်ဒီအာဏာပိုင်တွေကလည်း အယ်လ် ဟီလာလ်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအခွင့်အရေးရှိလာနိုင်စေဖို့ ဘဏ္ဍာရေးပိုင်းအရ အကူအညီပေးသွားမယ်လို့ ယုံကြည်ရပါတယ်။ ဆော်ဒီ အာရေဗျအာဏာပိုင်တွေက ဘောလုံးလောကရဲ့ အကြီးမားဆုံးကြယ်ပွင့် ၂ ဦးကို ပိုင်ဆိုင်ထားမယ်ဆိုရင် ဆော်ဒီ အာရေဗျ ဘောလုံးလိဂ်တွေကို တိုးတက်စေဖို့အတွက် အထောက်အပံ့ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က