ကွင်းအတွင်းက ပရိသတ်တွေဆီကကနေ ကြက်သီးထလောက်စရာ ကြိုဆိုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့က Mrsool Park မှာ အယ်လ် နက်ဆာအသင်းနဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို ပြုလုပ်ခဲ့ချိန်အတွင်း စကေးပြဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့တဲ့နောက် ရှက်ကိုးရှက်ကန်းဖြစ်ခဲ့ရပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မိသားစုနဲ့အတူ တနင်္လနေ့မှာ ခါလစ်ဘုရင်နိုင်ငံတကာလေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ဆေးစစ်မှု အောင်မြင်ပြီးနောက် အင်္ဂါနေ့မှာ ဆော်ဒီ အာရေဗျကလပ်အသင်းအတွက် ပထမဆုံး သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။



သတင်းစာရှင်းလင်းပွဲအပြီးမှာ ရော်နယ်လ်ဒိုဟာ အယ်လ်နက်ဆာရဲ့ Mrsool Park ကွင်းထဲမှာ အသင်းဖော်သစ်တွေနဲ့ လေ့ကျင့်ရေး ပြုလုပ်ခဲ့ပြီး ကွင်းအတွင်းက ပရိသတ်တွေဆီကကနေ ကြက်သီးထလောက်စရာ ကြိုဆိုမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟာ ဂိုးကန်သွင်းမှု လေ့ကျင့်ရေးကို အသင်းဖော်သစ်တွေနဲ့အတူ ပြုလုပ်ခဲ့ပြီး တစ်ကြိမ်မှာ အလွန်ကောင်းမွန်တဲ့ထိတွေ့မှုနဲ့ အဆုံးသတ်ကို ပြုလုပ်နိုင်ခဲ့တာကြောင့် အဆုံးသတ်သေချာနေဆဲဆိုတာကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်လ်ဒိုဟာ အနိမ့်ဘော ဖြတ်တင်ပေးပို့မှုကို ပိတ်သွင်းယူဖို့ ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်ခဲ့တဲ့အချိန်မှာ အယ်လ် နက်ဆာပရိသတ်တွေကို အကွက်ပြဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲမှာရော်နယ်လ်ဒိုဟာ ဘောလုံးကို နောက်ဖနောင့်နဲ့ အဆုံးသတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ဂိုးပေါက်ကို လုံးလုံး လွဲချော်သွားခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး အဲဒီဗီဒီယိုဖိုင်ကို ပရိသတ်တစ်ဦးက "သူတို့တွေ သူ့အတွက်နဲ့ ဗင်းဆင့် အဘူဘာကာကို အရန်ခုံထိုင်ခိုင်းထားဖို့ မဖြစ်နိုင်ဘူး"လို့ ရေးသားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း "ရိုးရိုသားသားပြောရရင် ဒါက တော်တော်လေးကို စိတ်မကောင်းစရာပဲ"လို့မှတ်ချက်ပေးခဲ့ပါတယ်။

Share

Loading Next Article...
က္က