ပထမပိုင်းအပြီးမှာ ထိုင်ခုံကို ပြန်မလာခဲ့ဘူးလို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သောကြာနေ့က အယ်လ် နက်ဆာရဲ့ ပွဲစဉ်ကို VIP ထိုင်ခုံကနေ စောင့်ကြည့်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း ပထမပိုင်းအပြီးမှာ ထိုင်ခုံကို ပြန်မလာခဲ့ဘူးလို့ သိရပါတယ်။

အယ်လ် နက်ဆာအသင်းဟာ လူစာရင်းထဲမှာ ဆော်ဒီ အာရေဗျကစားသမားမဟုတ်တဲ့ ပြည်ပကစားသမား ကန့်သတ်ချက်ကို ကျော်လွန်နေခဲ့တာကြောင့် ရော်နယ်လ်ဒိုကို ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိအောင် စာရင်းသွင်းနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အသင်းသစ် အယ်လ် နက်ဆာရဲ့ ပွဲစဉ်ကို ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ တက်ရောက်ကြည့်ရှုခဲ့ရတာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်တိုက်စစ်မှူးဟာ ဆော်ဒီ အာရေဗျကလပ်အသင်းနဲ့ ယခုအပတ်အစောပိုင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၁၇၅ သန်းတန်ကြေးရှိတဲ့စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးဟာ လက်ရှိမှာ အက်ဖ်အေရဲ့ ၂ ပွဲပယ် ပြစ်ဒဏ် ကျခံနေရတာဖြစ်ပြီး အယ်လ် နက်ဆာအသင်းကလည်း ကြီးမားတဲ့ ကစားသမားခေါ်ယူမှုအတွက် လူစာရင်းကို ပြန်လည်စီစဉ်ဖို့ လိုအပ်နေတာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ပထမဆုံးပွဲစဉ်ကို ပါဝင်ကစားပေးဖို့ ထပ်မံစောင့်ဆိုင်းရဖွယ်ရှိနေတာဖြစ်ပါတယ်။ အယ်လ် နက်ဆာအသင်းဟာ လက်ရှိ လူစာရင်းထဲမှာ ပြည်ပ ကစားသမား ၈ ဦးအထိ ရှိနေပြီး ဆော်ဒီ ပရိုလိဂ်ရဲ့ စည်းမျဉ်းအရ အများဆုံး ခွင့်ပြုထားတဲ့ အရေအတွက် ဖြစ်နေတာဖြစ်ပါတယ်။

"အယ်လ် နက်ဆာက ရော်နယ်လ်ဒိုကို စာရင်းမသွင်းရသေးပါဘူး။ ဘာလို့လဲဆိုတော့ ပြည်ပကစားသမားအတွက် နေရာလွတ်မရှိနေလို့ပါ။ ရော်နယ်လ်ဒိုကို စာရင်းသွင်းနိုင်ဖို့ နိုင်ငံခြားကစားသမားတစ်ဦးကို ရောင်းချတာ ဒါမှမဟုတ် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းရမှာပါ"လို့ အယ်လ် နက်ဆာအသင်းတာဝန်ရှိသူက AFP ကို ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က