ပထမပိုင်းအပြီးမှာ လျင်လျင်မြန်မြန်ပဲ လေ့ကျင့်ရေး ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် နက်ဆာအသင်းက သောကြာနေ့ညမှာ အယ်လ် တာအီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကို အသင်းအဝတ်လဲခန်းထဲက လေ့ကျင့်ရေးစက်ဘီးပေါ်ကနေ ကြည့်ရှုအားပေးခဲ့ပါတယ်။

ဘလွန်ဒေါ ၅ ဆုရှင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာတုန်းက ချမှတ်ခံခဲ့ရတဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် သောကြာနေ့မှာ ပွဲဦးထွက်ပါဝင်ကစားပေးနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ အယ်လ် တာအီးနဲ့ပွဲစဉ်အတွက် Mrsool Park ထဲမှာ ရှိနေခဲ့ပြီး ပထမပိုင်းကို VIP ထိုင်ခုံကနေ ကြည့်ရှုအားပေးခဲ့ပေမယ့်လည်း ပထမပိုင်းအပြီးမှာ လျင်လျင်မြန်မြန်ပဲ လေ့ကျင့်ရေး ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။



အန်ဒါဆန် တာလစ်စ်ကာက အယ်လ် နက်ဆာအတွက် ပထမပိုင်းမှာရော ဒုတိယပိုင်းမှာပါ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပြီး ရော်နယ်လ်ဒိုဟာ အထူးသဖြင့် ဘင်ဖီကာတိုက်စစ်မှူးဟောင်းရဲ့ ဒုတိယသွင်းဂိုးကို သဘောကျခဲ့တာဖြစ်ပါတယ်။ ဆော်ဒီ ပရိုလိဂ်မှာ ယခုရာသီသွင်းဂိုး ၁၁ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတဲ့ တာလစ်စ်ကာအတွက်တော့ ရိုးရှင်းတဲ့ သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပြီး ဂိုးသမား ဒေးဗစ် အော့စပီနာက အသက် ၂၈ နှစ်အရွယ် တိုက်စစ်မှူးအတွက် ဘောလုံးကို ကန်တင်ပေးခဲ့ပြီးနောက် ဘင်ဖီကာတိုက်စစ်မှူးက အယ်လ် တာအီးရဲ့ပင်နယ်တီဧရိယာထဲကို ဝင်ရောက်ဖို့ ဘောလုံး ၂ ကြိမ်သာ ထိဖို့လိုအပ်ခဲ့တာဖြစ်ပါတယ်။

တာလစ်စ်ကာဟာ နောက်ခံလူရဲ့ ဖျက်ထုတ်မှုကို ရှောင်လွှဲနိုင်ခဲ့ပြီးနောက် သက်တောင့်သက်သာနဲ့ ဂိုးသမားကို တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး အဝတ်လဲခန်းထဲက လေ့ကျင့်ရေးစက်ဘီးပေါ်မှာ လေ့ကျင့်ရေးလုပ်နေရင်း ကြည့်ရှုနေတဲ့ ရော်နယ်လ်ဒိုက အယ်လ် နက်ဆာတိုက်စစ်မှူးရဲ့ အဆုံးသတ်ကို လက်ခုပ်တီး ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။ အဲဒီဗီဒီယိုကို အယ်လ် နက်ဆာအသင်းရဲ့တရားဝင်တွစ်တာအကောင့်က မျှဝေခဲ့ရာမှာ ကြည့်ရှုသူပေါင်း ၄.၉ သန်းကျော်နဲ့ နှစ်သက်သူပေါင်း ၁၂၁၀၀၀ အထိ ရရှိခဲ့တာဖြစ်ပြီး အယ်လ် နက်ဆာဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်ဆုံးမှာ အယ်လ် ရှာဟတ်ဘ်ထက် ၁ ပွဲ ပို ၄ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က